ဆီးရီးယားရှိ အိုင်အက်စ်များအား တိုက်ခိုက်ချေမှုန်းရေး ပြင်သစ် ပြင်ဆင်လာ

ဆီးရီးယားရှိ အိုင်အက်စ်များအား တိုက်ခိုက်ချေမှုန်းရေး ပြင်သစ် ပြင်ဆင်လာ

ဆီးရီးယားရှိ အိုင်အက်စ်များအား လေကြောင်းထိုးစစ် တိုက်ခိုက်မှုအတွက် စတင်ပြင်ဆင်တော့ရန် ပြင်သစ်သမ္မတ ဖရန့်ဆွာအော်လန်းက အမိန့်ပေးလိုက်သည်။

လေကြောင်းထိုးစစ်တိုက်ခိုက်ရေးအတွက် အကြို ထောက်လှမ်းရေးလေယာဉ်များကို စက်တင်ဘာ ၈ ရက်တွင် ဦးစွာစေလွှတ်တော့မည်ဖြစ်ကြောင်း၊ သို့သော်လည်း မြေပြင်တပ်ဖွဲ့များကိုမူ စေလွှတ်မည်မဟုတ်ကြောင်း အော်လန်းက ပြောသည်။

ဆီးရီးယားစစ်ပွဲများအတွင်း သေဆုံးသူပေါင်းမှာ ၂၂၀,၀၀၀ ကျော်ထက်မနည်းရှိပြီး နေရပ်အိုးအိမ်စွန့်ပြေးသူပေါင်း ကိုးသန်းကျော်အထိ ရှိနေပြီဖြစ်သည်။

ပြင်သစ်အပါအဝင် နိုင်ငံတစ်ချို့အား အကြမ်းဖက်တိုက်ခိုက်ရေးများ လုပ်ဆောင်ရန် ဆီးရီးယားနယ်မြေတွင်းကနေ စီစဉ်နေခြင်းဖြစ်ကြောင်း ပါရီတွင် ကျင်းပသည့် သတင်းစားရှင်းလင်းပွဲတွင် အော်လန်းက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့ နိုင်ငံအတွက် ခြိမ်းခြောက်မှုတွေကို တတ်နိုင်သမျှ သတင်းအချက်အလက် ရရှိဖို့လိုပါတယ်။ ဒါကြောင့် ဆီးရီးယားဆီ ထောက်လှမ်းရေးလေယာဉ်တွေ စေလွှတ်ရမှာဖြစ်ပါတယ်။ အိုင်အက်စ်တွေကို လေကြောင်းထိုးစစ်ဆင်တဲ့အခါမှာ အထောက်အကူရအောင်လို့ ကျွန်တော်က ကာကွယ်ရေးဝန်ကြီးကို မနက်ဖြန်မှာ ထောက်လှမ်းရေးလေယာဉ်တွေ စေလွှတ်ဖို့ တိုက်တွန်းအမိန့်ပေးထားပြီးဖြစ်ပါတယ်။"ဟု သမ္မတ အော်လန်းက ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly