ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့တွင် ဗင်နီဇွဲလားပြည်သူများ ၀င်ရောက်နေထိုင်

.

စက်တင်ဘာ ၁၂ ။          ။ ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့ရဲ့ ဘတ်စ်ကားမှတ်တိုင်နားမှာ ၀င်ရောက်ခိုလှုံနေထိုင်တဲ့ ဗင်နီဇွဲလားပြည်သူအယောက် ၁၀၀ ကျော်ရှိပြီလို့ သိရပါတယ်။

အဆိုပါဗင်နီဇွဲလားပြည်သူတွေဟာ ကိုလံဘီယာနိုင်ငံမှာ တရားဝင်ပြောင်းရွှေ့နေထိုင်ပြီး အလုပ်လုပ်ကိုင်ချင်နေကြတာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်ကစပြီး စီးပွားရေး ကပ်ဆိုက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံကို စွန့်ခွာသူဦးရေ ၁ ဒသမ ၆ သန်းရှိခဲ့တယ်လို့ သိရပါတယ်။

၎င်းတို့ဟာ ဗင်နီဇွဲလားရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကိုလံဘီယာနဲ့ တခြားနိုင်ငံတွေမှာ ၀င်ရောက်ခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတွင်း ၀င်ရောက်လာတဲ့ အဆိုပါဗင်နီဇွဲလားနိုင်ငံသားတွေကို ကိုလံဘီယာအာဏာပိုင်တွေက ကြည့်ရှုစောင့်ရှောက်ထားပေမယ့် တစ်မျိုးသားလုံးနဲ့ သက်ဆိုင်နေတဲ့ အဆိုပါအခြေအနေကို ကိုလံဘီယာအနေနဲ့ သီးခြားဖြေရှင်းဖို့ မလွယ်ကူကြောင်း အာဏာပိုင်တွေက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကာလော့စ်ဟုမ်းထရူဂျီလိုကတော့ ကမ္ဘာတစ်ဝန်းလုံး ပါဝင်အားဖြည့်ကူညီဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။