NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ခွေးရူးအကိုက်ခံရ၍ အသက် ၂ နှစ်အရွယ်ကလေးတစ်ဦးအပါအ၀င် လူ ၁၅ ဦး ဒဏ်ရာရ

.

ပေါင် ၊ စက်တင်ဘာ ၁၂ ။       ။ မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒါရပ်ကွက်တွင် ယမန်နေ့ စက်တင်ဘာ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ခွေးရူးတစ်ကောင် လိုက်ကိုက်ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးအပါအ၀င် ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ခွေးက အကောင်ကြီးကြီး အမဲရောင်၊ လိုက်ကိုက်နေတာ နေ့လည် ၁ နာရီကျော်လောက်မှာ အိမ်ဘေးနားနေ အစ်မတစ်ယောက်က ဈေးကနေအပြန် သူ့လက်ကို အရင်ဆုံးဝင်ကိုက်တာ။ အဲကနေစပြီး ဟိုဘက် ဘုံကျောင်း လမ်းက ၂ နှစ်အရွယ်ကလေးကို ၀င်ကိုက်တယ်။၂၀ ကျော်လူငယ်နှစ်ဦးကို ၀င်ကိုက်လို့ သူတို့နှစ်ယောက်က ရိုက်သတ်လိုက်တာ၊ အားလုံး ၁၅ ယောက် အကိုက်ခံရတယ်” ဟု

ခွေးရူးအကိုက်ခံရသည့် ၂ နှစ်အရွယ်ကလေး၏ မိခင်ဖြစ်သူ မမိဟ က ပြောသည်။

အသက် ၇၈ နှစ်အရွယ် အဘွားအိုတစ်ဦးအပါအ၀င် ခွေးရူးအကိုက်ခံရသော အသက် ၂ နှစ် ကလေးတစ်ဦး၊ စုစုပေါင်း ၁၅ ဦး တို့ ဒဏ်ရာများရရှိကာ ပေါင်မြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ကာ ခွေးရူးပြန် ကာကွယ်ဆေးများ ထိုးပေးခဲ့ကြောင်း ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးထံမှ သိရသည်။

ခွေးရူးပြန်ရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်ပွားကာ တိရိစ္ဆာန်မှ လူသို့ ကူးစက်နိုင်သောရောဂါတစ်မျိုး ဖြစ်သည်။ ထို့ကြောင့် အကိုက်ခံရပါက ကာကွယ်ဆေးထိုးရန် လိုအပ်ကြောင်း သိရသည်။

ခွေးရူးပြန်သောခွေးတွင်  ရန်လိုခြင်းမရှိဘဲ ကိုက်ခဲခြင်း၊ အကြောင်းမဲ့ပြေးလွှားနေခြင်း၊ ပါးစပ်မှ သားရည်များ ကျနေခြင်းများ တွေ့ရှိနိုင်ပြီး လူတွင်ခွေးရူးပြန်ရောဂါဖြစ်ပါက ဖျားနာခြင်း၊ ရေကို မကြည့်ရဲ၊ မသောက်ရဲခြင်း၊ အသံ၊ အလင်းရောင်၊ လေတိုက်ခြင်းတို့ကို မခံနိုင်ဖြစ်ကာ ကြောက်ရွံ့ခြင်း၊ စိတ်ဆိုးဒေါသထွက်ခြင်းတို့အပြင် အခြားလက္ခဏာများ ဖြစ်ပွားသည်။