အာဏာသိမ်းမှု သုံးကြိမ်နဲ့ စွဲဆိုခံရတဲ့ လွှတ်တော်အမတ်ရဲ့ အသနားခံလွှာကို ဖိလစ်ပိုင် တရားရုံး ပယ်ချ

.

မနီလာ၊ စက်တင်ဘာ ၁၁ ။        ။ အရေးနိမ့်ခဲ့တဲ့ အာဏာသိမ်းမှု သုံးကြိမ်နဲ့ စွဲဆိုခံထားရသူ ဖိလစ်ပိုင်လွှတ်တော်အမတ်ရဲ့ အသနားခံလွှာကို အထူးတရားရုံးက စက်တင်ဘာ ၁၁ ရက်မှာ ပယ်ချလိုက်ပါတယ်။

၂၀၀၃ ကနေ ၂၀၀၇ ခုနှစ်ကြား အရေးနိမ့်တဲ့ အာဏာသိမ်းမှုနဲ့ စွဲဆိုခံရသူ အန်တိုနီယိုထရီလိန်းဟာ ရေတပ်အရာရှိဟောင်းတစ်ဦးလည်း ဖြစ်ပြီး သမ္မတ ဒူတာတေးရဲ့ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပယ်ဖျက်ပြီး ချက်ချင်းဖမ်းဖို့ အထူးအမိန့် ထုတ်ထားတာကို ပယ်ဖျက်ပေးရန် အသနားခံလွှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အထူးအမိန့်ကို သမ္မတ ဒူတာတေးဟာ သြဂုတ် ၃၁ ရက်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဒူတာတေးရဲ့ အထူးအမိန့်အရ ယခင်သမ္မတဟောင်း အကွီနိုက ၂၀၁၀ ခုနှစ်မှာ အန်တိုနီယိုကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတာကို ပယ်ဖျက်လိုက်တာပဲ ဖြစ်ပါတယ်။

မကြာသေးမီက ဒူတာတေးဟာ အန်တိုနီယိုကို တရားစီရင်စစ်ဆေးခြင်း မရှိဘဲ မဖမ်းဆီးဖို့ ကတိပေးပြီးနောက်မှာ တရားရုံးချုပ်က ခုလို အန်တိုနီယိုရဲ့ အသနားခံလွှာကို ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။

“တရားရုံးအနေနဲ့ သမ္မတ ဒူတာတေးဟာ လွှတ်တော်အမတ် အန်တိုနီယိုကို တရားရုံးက ၀ရမ်းမပါဘဲ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ အကျဉ်းချခြင်းတွေ မလုပ်ဆောင်ရဆိုပြီး ဥပဒေနဲ့အညီ ကတိပေးပြောဆိုလာတဲ့နောက်မှာ ဥပဒေနဲ့ ညီညွတ်စွာ ဆုံးဖြတ်ပြီး အန်တိုနီယိုရဲ့ အသနားခံလွှာကို ပယ်ချတာပဲ ဖြစ်ပါတယ်။”လို့ တရားရုံး ပြောခွင့်ရသူ မာရီယာဗစ်တိုရီးယားက ပြောပါတယ်။