မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းရဲ့ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်

.

မြန်မာ့လက်ရွေးစင်အသင်း သွားရောက်ယှဉ်ပြိုင်ကစားရမယ့် ၂၀၁၈ အာဆီယံ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၈ အာဆီယံ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာ ဖူဆယ်အသင်းဟာ အုပ်စု (က)မှာ အိမ်ရှင် အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယားအသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အုပ်စု (ခ)မှာတော့ ထိုင်း၊ မီယက်နမ်၊ ဘရူနိုင်း၊ တီမောအသင်းတို့ ကစားရမှာဖြစ်ပါတယ်။

၂၀၁၈ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်များကို နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ နေ့စဉ် ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။

မြန်မာ ဖူဆယ်အသင်းက နိုဝင်ဘာ ၅ ရက်မှာ အိမ်ရှင် အင်ဒိုနီးရှား၊ နိုဝင်ဘာ ၆ ရက်မှာ ကမ္ဘောဒီးယား၊ နိုဝင်ဘာ ၇ ရက်မှာ မလေးရှားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို နိုဝင်ဘာ ၉ ရက်မှာ ကျင်းပမှာဖြစ်ပြီး ဗိုလ်လုပွဲစဉ်ကို နိုဝင်ဘာ ၁၁ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

လက်ရှိမှာ ပြိုင်ပွဲကျင်းပမယ့် ရက်တွေကိုသာ ထုတ်ပြန်ထားပြီး ပွဲကစားရမယ့် အချိန်တွေကို အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Ref; MFF