ပါရီမြို့၏ သမိုင်းဝင် La Scala ပြဇာတ်ရုံအား ပြန်လည်ဖွင့်လှစ်

.

စက်တင်ဘာ ၁၁ ။           ။ ၁၉ ရာစုနှောင်းပိုင်းမှာ La Scala ဂီတပြဇာတ်ရုံကြီးကို စတင်ဖွင့်လှစ်ခဲ့ပြီး ၎င်းပြဇာတ်ရုံကို ၁၉၃၀ ခုနှစ်မှာ ရုပ်ရှင်ရုံအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါ La Scala ရုပ်ရှင်ရုံကို ၁၉၉၉ ခုနှစ်နောက်ပိုင်းကစပြီး စွန့်ပစ်ထားခဲ့ကြတာဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ကကွက်မျိုးစုံ တင်ဆက်တဲ့ ခေတ်သစ်ပြဇာတ်ရုံကြီးအဖြစ် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

“ဒီပြဇာတ်ရုံကို အသက်သွင်းပေးမှာကတော့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။ ဒီနေရာကို ကျွန်တော်တို့ ပြန်ဖွင့်လှစ်လိုက်တဲ့အတွက် အနုပညာရှင်တွေလည်း လွတ်လွတ်လပ်လပ် ကပြတင်ဆက်နိုင်တယ်။ တခြားနေရာတွေမှာလို သူတို့ကို ကန့်သတ်မထားဘူး။”လို့ La Scala ပြဇာတ်ရုံရဲ့ ဒါရိုက်တာဖြစ်သူ ဖရက်ဒရစ်ဘစ်စီက ပြောပါတယ်။

“ကျွန်တော်တို့ကြိုက်နှစ်သက်တဲ့ ကကွက်တွေရှိမယ်။ ပြဇာတ်တွေရှိမယ်။ ကျွန်တော်တို့က သီချင်းတွေ နားမထောင်ဘူး၊ ရှိုးပွဲတွေမသွားဘူးလို့ ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ La Scala မှာ အနုပညာရှင်တွေ ကြိုက်သလို ကပြတင်ဆက်လို့ရတယ်။”လို့ ဖရက်ဒရစ်ဘစ်စီက ဆက်ပြောပါတယ်။

La Scala ပြဇာတ်ရုံ ပြန်လည်ဖွင့်လှစ်တဲ့အတွက် စိတ်ဝင်တစားလာရောက်ကြည့်ရှုသူ ပရိသတ်များရှိသလို အနုပညာရှင်တွေရဲ့ ကကွက်ဆန်းတွေကို လာရောက်အားပေးတဲ့ ပရိသတ်တွေလည်း ရှိတယ်လို့ သိရပါတယ်။