ဟာရီကိန်းမုန်တိုင်း ချဉ်းကပ်လာနေလို့ အမေရိကန်မှာ လူ ၁ သန်းကျော်ကို ဘေးလွတ်ရာ အားချင်းရွေ့ပြောင်းခိုင်း

.

စက်တင်ဘာ ၁၁ ။           ။ အားပြင်း ဟာရီကိန်းမုန်တိုင်း ဖလောရင့်စ်ဟာ စက်တင်ဘာ ၁၁ ရက်က အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းဆီ ဦးတည်ချဉ်းကပ်လာနေပြီဖြစ်တဲ့အတွက် ယင်းဒေသတစ်လျှောက်က ဒေသခံ ပြည်သူ တစ်သန်းကျော်ကို ဘေးလွတ်ရာသို့ အားချင်းထွက်ပြေးတိမ်းရှောင်ဖို့ အာဏာပိုင်တွေက ညွန်ကြားထားပါတယ်။

အဆိုပါ မုန်တိုင်းကတော့ မကြာမီ အရှိန်ပိုမြင့်လာပြီး အန္တရာယ်ရှိလာတော့မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

တစ်နာရီလေတိုက်နှုန်း မိုင် ၁၄၀ ခန့်ရှိတဲ့ ဖလောရင့်စ် မုန်တိုင်း ဦးတည်လာတာနဲ့အမျှ ဒေသခံတွေဟာလည်း ထိတ်လန့်တကြား ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေကြလျက်ရှိပါတယ်။

ယင်းမုန်တိုင်းကတော့ လာမယ့် စက်တင်ဘာ ၁၃ ရက်လောက်မှာ ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် တောင်ကယ်ရိုလိုင်းနား ပြည်နယ်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းနေ ဒေသခံ တစ်သန်းကို နေအိမ်တွေ စွန့်ခွာဖို့ ညွှန်ကြားထားပါတယ်။

ယင်း ပြည်နယ်က ကောင်တီ ၄၆ ခုအနက် ၂၆ ခုမှာရှိတဲ့ ကျောင်းတွေလည်း စက်တင်ဘာ ၁၁ ရက်ကစလို့ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။