Vostok-2018 စစ်ရေးပြအခမ်းအနား ရုရှတွင် စတင်ကျင်းပ

.

စက်တင်ဘာ ၁၁ ။       ။ စစ်အေးကာလနှောင်းပိုင်းရဲ့ Vostok-2018 စစ်ရေးပြအခမ်းအနားကို ရုရှနိုင်ငံမှာ ယနေ့ကစပြီး ကျင်းပနေပြီလို့ သိရပါတယ်။

အဆိုပါစစ်ရေးပြအခမ်းအနားမှာ စစ်သည်အယောက် သုံးသိန်း ပါဝင်ဆင်နွှဲသွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အရှေ့ပိုင်းနဲ့အလယ်ပိုင်း စစ်တပ်အဖွဲ့ဝင်တွေ၊ ပစိဖိတ်နဲ့ မြောက်ပိုင်းရေယာဉ်စုရဲ့ ရေယာဉ်တွေ၊ အမြှောက်တပ်နဲ့ စစ်လေယာဉ်အစင်းရေ ၁၀၀၀ ကျော်နဲ့အတူ လေယာဉ်၊ ရဟတ်ယာဉ်နဲ့ မောင်းသူမဲ့လေယာဉ်တွေပါဝင်မှာဖြစ်ပါတယ်။

တင့်ကားအစီးရေ ၃၆၀၀၀ နဲ့ အခြားလက်နက်ကိရိယာတွေပါ အသုံးပြုပြီး စစ်ရေးလေ့ကျင့်သွားမှာဖြစ်ပါတယ်။

Vostok-2018 စစ်ရေးပြအခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်ကနေ ၁၅ ရက်အထိ ၅ ရက်တိုင်တိုင် ရုရှနိုင်ငံရှိ ဆိုင်ဘေးရီးယားမြို့နဲ့ အရှေ့ဘက်ခြမ်းဒေသတွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

တရုတ်နဲ့ မွန်ဂိုလီးယားနိုင်ငံတို့ကလည်း အဆိုပါ Vostok-2018 အခမ်းအနားမှာ ပါဝင်ဆင်နွှဲသွားမယ်လို့ သိရပါတယ်။