အဖိုးအနဂ္ဃထိုက်သည် ဆိုသော သမိုင်းဝင်ရွှေမျက်နှာဖုံးတစ်ခုကို ပီရူးတို့ ထုတ်ဖော်ပြသ

.

စက်တင်ဘာ ၁၁ ။        ။ အဖိုးအနဂ္ဃထိုက်တန်သည် ဆိုသည့် ရွှေမျက်နှာဖုံး တစ်ခုကို ပီရူးမှာ အများသိအောင် ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရွှေမျက်နှာဖုံးကတော့ လွန်ခဲ့တဲ့ ရှစ် ရာစု ကတည်းက ရှိခဲ့တယ်လို့ သိရပြီး ယင်းကိုတော့ ဂျာမနီတို့ဆီကနေ ကာလကြာ အမှု ရင်ဆိုင်ပြီးမှ ပြန်ရယူထားခဲ့ရတယ်လို့ ဆိုပါတယ်။

ယင်း ရွှေမျက်နှာဖုံး မူလနေရပ် ပြန်လည်ရောက်ရှိလာမှု အခမ်းအနားကို တက်ရောက်လာတဲ့ ပီရူးသမ္မတ မာတင် ဗစ်ကာရာ ကတော့ ၎င်းတို့နိုင်ငံဟာဆိုရင် ခုလိုမျိုး တိုင်းတပါးဆီ ပါသွားခဲ့တဲ့ သမိုင်းဝင် အမွေအနှစ်ပစ္စည်းတွေကို ပြန်လည်ရယူဖို့အတွက် ခက်ခက်ခဲခဲ ကြိုးပမ်းနေရတယ်လို့ ပြောသွားပါတယ်။

ယခုအချိန်ထိ ပီရူးတို့ရဲ့ သမိုင်းဝင် အဖိုးတန် အမွေအနှစ် များစွာ နိုင်ငံပြင်ပမှာ ရောက်နေလျက်ရှိကြောင်း ၎င်းက ငြီးတွားသွားခဲ့ပါတယ်။

ယခု တန်ဖိုးမဖြတ်နိုင်ဘူးလို့ ဆိုတဲ့ ရွှေမျက်နှာဖုံးတစ်ခုတည်းကိုတောင်မှာ ဂျာမနီတို့ထံကနေ နှစ် ၂၀ လောက် တရားရင်ဆိုင်ခဲ့ရပြီးမှ ပြန်လည်ရယူထားနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။