ကမ္ဘာ့အကောင်းဆုံးအသင်း FIFPro World XI အတွက် ဆန်ခါတင် ၅၅ ဦးစာရင်းမှာ ဆာလာ၊ စီရော်နယ်လ်ဒို၊ မက်ဆီတို့ ပါဝင်

.

၂၀၁၈ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်း FIFPro World XI အတွက် ဆန်ခါတင် (၅၅)ဦးစာရင်းကို စက်တင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်ရာ လီဗာပူးလ်တိုက်စစ်မှူး ဆာလာ၊ ရီးယဲလ်တိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒိုနဲ့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီတို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

တနင်္လာနေ့က ဖီဖာမှ ဆန်ခါတင် ၅၅ ဦးစာရင်းအတွက် ဂိုးသမား ၅ ဦး၊ နောက်ခံလူ ၂၀ ဦး၊ ကွင်းလယ်လူ ၁၅ ဦးနဲ့ ရှေ့တန်းလူ ၁၅ ဦးတို့ကို ရွေးချယ်ထားပြီး ၎င်းတို့ထဲမှ ကမ္ဘာ့အကောင်းဆုံးအသင်းအတွက် နိုင်ငံပေါင်း ၆၅ နိုင်ငံမှ ကစားသမား ၂၅,၀၀၀ က ဂိုးသမား ၁ ဦး၊ နောက်ခံလူ ၄ ဦး၊ ကွင်းလယ်လူ ၃ ဦးနဲ့ ရှေ့တန်းလူ ၃ ဦးစီကို မဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။

ဆန်ခါတင် ၅၅ ဦးစာရင်းမှာတော့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းမှ ကစားသမား ၇ ဦးထိ ပါဝင်ခဲ့ပါတယ်။

ယခုစာရင်းထဲမှာ ရီးယဲလ်အသင်းမှ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပွဲထွက်ကစားခဲ့တဲ့ ကစားသမား ၁၁ ဦးစလုံး ပါဝင်ခဲ့ပေမယ့် အဆိုပါဗိုလ်လုပွဲမှာ အနိုင်ဂိုး ၂ ဂိုးသွင်းယူခဲ့တဲ့ ဂါရတ်ဘေးလ်မှာမူ ပါဝင်လာခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

ကမ္ဘာ့အကောင်းဆုံးအသင်းအတွက် ဆန်ခါတင် ၅၅ ဦး စာရင်းမှာ လိဂ်အလိုက် ကစားသမား အများဆုံးပါဝင်မှုမှာ လာလီဂါမှဖြစ်ပြီး စုစုပေါင်း ၂၅ ဦးအထိ ပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်မှ ကစားသမား ၁၆ ဦး ပါဝင်ခဲ့ပါတယ်။

ကလပ်အသင်းလိုက်မှာတော့ ရီးယဲလ်နဲ့ ဘာစီလိုနာအသင်းတို့က ကစားသမား ၁၁ ဦးစီနဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး FIFPro World XI အသင်းကို လန်ဒန်မြို့မှာ ကမ္ဘာ့အကောင်းဆုံးဆု The Best ချီးမြှင့်မယ့် စက်တင်ဘာ ၂၄ ရက်နေ့မှာပဲ ကြေညာသွားမှာဖြစ်ပါတယ်။

FIFPro World XI ဆန်ခါတင်စာရင်း

ဂိုးသမား
ဘူဖွန် (အီတလီ/ပီအက်စ်ဂျီ/ဂျူဗင်တပ်စ်)၊ ကော်တိုရစ် (ဘယ်လ်ဂျီယံ/ရီးယဲလ်/ချယ်လ်ဆီး)၊ ဒီဂီယာ (စပိန်/မန်ယူ)၊ နာဗတ်စ် (ကော်စတာရီကာ/ရီးယဲလ်)၊ စတီဂန် (ဂျာမနီ/ဘာစီလိုနာ)

နောက်တန်း
အယ်လ်ဘာ (စပိန်/ဘာစီလိုနာ)၊ ကာဗာဟယ်လ် (စပိန်/ရီးယဲလ်)၊ ချီလီနီ (အီတလီ/ဂျူဗင်တပ်စ်)၊ အဲလ်ဗတ်စ် (ဘရာဇီး/ပီအက်စ်ဂျီ)၊ ဂိုဒင် (ဥရုဂွေး/အက်သလက်)၊ ဟမ်းမဲလ် (ဂျာမနီ/ဘိုင်ယန်)၊ ကင်မစ်ခ်ျ (ဂျာမနီ/ဘိုင်ယန်)၊ လိုဗရန် (ခရိုအေးရှား/လီဗာပူးလ်)၊ မာဆယ်လ်လို (ဘရာဇီး/ရီးယဲလ်)၊ မီနာ (ကိုလံဘီယာ/အဲဗာတန်/ဘာစီလိုနာ)၊ ပါဗာ (ပြင်သစ်/စတုဂတ်)၊ ပီကေး (စပိန်/ဘာစီလိုနာ)၊ ရာမို့စ် (စပိန်/ရီးယဲလ်)၊ ဆေးလ်ဗား (ဘရာဇီး/ပီအက်စ်ဂျီ)၊ ထရစ်ပီယာ (အင်္ဂလန်/စပါး)၊ အမ်တီတီ (ပြင်သစ်/ဘာစီလိုနာ)၊ ဗန်ဒိုက် (နယ်သာလန်/လီဗာပူးလ်)၊ ဗာရန် (ပြင်သစ်/ရီးယဲလ်)၊ ဗာဆယ်လ်ကို (ခရိုအေးရှား/အင်တာ/အက်သလက်)၊ ဝေါ်လ်ကာ (အင်္ဂလန်/မန်စီးတီး)

အလယ်တန်း
ဘူးစကွက်စ် (စပိန်/ဘာစီလိုနာ)၊ ကက်စမဲရိုး (ဘရာဇီး/ရီးယဲလ်)၊ ကော်တင်ဟို (ဘရာဇီး/ဘာစီလိုနာ)၊ ဒီဘရိုင်း (ဘယ်လ်ဂျီယံ/မန်စီးတီး)၊ ဟာဇက် (ဘယ်လ်ဂျီယံ/ချယ်လ်ဆီး)၊ အင်နီယေစတာ (စပိန်/ကိုဘီ/ဘာစီလိုနာ)၊ အစ္စကို (စပိန်/ရီးယဲလ်)၊ ကွန်တေ (ပြင်သစ်/ချယ်လ်ဆီး)၊ တိုနီခရူ့စ် (ဂျာမနီ/ရီးယဲလ်)၊ မာတစ် (ဆားဘီးယား/မန်ယူ)၊ မိုဒရစ် (ခရိုအေးရှား/ရီးယဲလ်)၊ ပေါ့ဘာ (ပြင်သစ်/မန်ယူ)၊ ရာကီတစ် (ခရိုအေးရှား/ဘာစီလိုနာ)၊ ဒေးဗစ်ဆေးလ်ဗား (စပိန်/မန်စီးတီး)၊ ဗီဒယ်လ် (ချီလီ/ဘာစီလိုနာ/ဘိုင်ယန်)

ရှေ့တန်း
ဘန်ဇီမာ (ပြင်သစ်/ရီးယဲလ်)၊ ကာဗာနီ (ဥရုဂွေး/ပီအက်စ်ဂျီ)၊ စီရော်နယ်လ်ဒို (ပေါ်တူဂီ/ဂျူဗင်တပ်စ်/ရီးယဲလ်)၊ ဒီဘာလား (အာဂျင်တီးနား/ဂျူဗင်တပ်စ်)၊ ဂရီးဇ်မန်း (ပြင်သစ်/အက်သလက်)၊ ဟာရီကိန်း (အင်္ဂလန်/စပါး)၊ လီဝန်ဒေါစကီး (ပိုလန်/ဘိုင်ယန်)၊ လူကာကူ (ဘယ်လ်ဂျီယံ/မန်ယူ)၊ မန်ဇူကစ် (ခရိုအေးရှား/ဂျူဗင်တပ်စ်)၊ မာနေ (ဆီနီဂေါ/လီဗာပူးလ်)၊ ဘာပေ (ပြင်သစ်/ပီအက်စ်ဂျီ)၊ မက်ဆီ (အာဂျင်တီးနား/ဘာစီလိုနာ)၊ နေမာ (ဘရာဇီး/ပီအက်စ်ဂျီ)၊ ဆာလာ (အီဂျစ်/လီဗာပူးလ်)၊ ဆွာရက်ဇ် (ဥရုဂွေး/ဘာစီလိုနာ)

Ref; EFE-EPA