ပထမကမ္ဘာစစ် စစ်လေယာဉ်တွေ ပြင်သစ်ကောင်းကင်မှာ ပျံဝဲ

.

ပါရီ၊ စက်တင်ဘာ ၁၀ ။            ။ ပထမကမ္ဘာစစ်မှာ စစ်တပ်ကြီးတွေဟာ လေယာဉ်တွေကို စတင်အသုံးပြုပြီး တိုက်ခိုက်လာကြတာပါ။

စစ်ကြီးပြီးလို့ နှစ်တစ်ရာမှာ ဒီစစ်မှုထမ်းခဲ့တဲ့ ပထမကမ္ဘာစစ်လေယာဉ်တွေဟာ ကောင်းကင်မှာ ပျံသန်းနိုင်ဆဲ ရှိပါတယ်။

ပြင်သစ်နိုင်ငံ မူဘူဂျီအရပ်က လေကြောင်းပြပွဲမှာ ပထမကမ္ဘာစစ်က စစ်လေယာဉ်တွေ ဝေဟင်ပေါ် ၀ဲပျံ ပျံသန်းပြတာကို မြင်တွေ့ကြရပါတယ်။

၁၉၁၄ ခုနှစ်ကနေ ၁၉၁၈ အထိ ဖြစ်ပွားခဲ့တဲ့ ပထမကမ္ဘာစစ်မှာ အသုံးပြုခဲ့တဲ့ စစ်လေယာဉ်တွေဟာ ၁၉၀၃ ခုနှစ်မှာ ကမ္ဘာ့ပထမဆုံးလေယာဉ်အဖြစ် ၀ှိုက်ညီအစ်ကိုတို့ တီထွင်တဲ့ လေယာဉ်ပေါ် စိတ်ကူးယူပြီး ည်ဆောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ပေါ်ထွန်းစလေယာဉ်တွေကို စစ်တပ်မှာ ဦးစွာ ထောက်လှမ်းရေးအတွက် အသုံးပြုကြတာပါ။

စစ်ပွဲတွေ ပြင်းထန်လာချိန်မှာတော့ လေယာဉ်တွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်လို့ စစ်လေယာဉ်တွေအဖြစ် စစ်မှုထမ်းစေခဲ့တော့တာပဲ ဖြစ်ပါတယ်။