NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မြ၀တီမြို့တွင် မိုင်း ၁၄ လုံးနှင့် မူးယစ်ဆေးဝါးများဖမ်းမိ

.

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ စက်တင်ဘာလ ၁ဝ ။       ။ မြဝတီမြို့နယ်၊ ၅ ရပ်ကွက်၊ တရုတ်ဘုံကျောင်းရှေ့တွင် ကားတစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာမှ လက်ပစ်ဗုံး၊ ကျည်ဆံများနှင့် စိတ်ကြွဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ကားပေါ်မှ ဖြူ့စ်ပါသည့် တရုတ်နိုင်ငံလုပ် 5-85900 လက်ပစ်ဗုံး ၁ လုံး၊ လွယ်အိတ်အတွင်းမှ ပွိုင့် ၂၂ ကျည်အတောင့် ၂ဝ၊ WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၄၄၅  ပြားနှင့် ကျပ်ငွေ ၁ သိန်းတို့ကို ရှာဖွေသိမ်း ဆည်းရမိခဲ့ခြင်းဖြစ်သည်။

လက်နက်နှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့သည့် ကားအား မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်နေ အသက် ၄၇ နှစ်အရွယ် ကျော်ခိ ဆိုသူ မောင်းနှင်လာခြင်း ဖြစ်ပြီး ကားပေါ်တွင် တစ်မြို့တည်းနေ အသက် ၄၂ နှစ်အရွယ် နန်းညိုညိုအေး၊ အသက် ၂၄ နှစ်အရွယ် စောကျော်ထု၊ လှိုင်းဘွဲ့မြို့နယ်နေ အသက် ၃ဝ အရွယ် စောဒိကလူး တို့ လိုက်ပါလာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ထို့ပြင် ကားမောင်းလာသူ ကျော်ခိဆိုသူ၏ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ T-628 အမျိုးအစား ဓာတ်ခဲ ၁၂ လုံးပါ အိမ်တွဲလျက်မိုင်း ၈ လုံး၊ BELL SOUTH T-388 အမျိုးအစားဓာတ်ခဲ ၁၂ လုံးပါ အိမ်တွဲလျက် မိုင်း ၆ လုံး၊ T-628 အမျိုးအစားရီမု ၂ ခု၊ TESTစာတမ်းပါမိန်းခုံ ၂ ခု၊ အရှည် ၁၃ ပေခွဲခန့်ရှိ ယမ်းကြိုး ၁ ချောင်း၊ TNT အမျိုးအစားယမ်းပျော့ ၁၅ တောင့်၊ ဒီတိုနေတာ၂ဝ ခု တို့အားထပ်မံသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုင်း ၁၄ လုံး၊ စိတ်ကြွဆေးပြားများ၊ လက်ပစ်ဗုံးနှင့် ကျည်ဆန်များအား မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူး ကြီးအောင်နိုင်ထွန်း ဦးစီးသော ပူးပေါင်းအဖွဲ့မှ စက်တင်ဘာလ ၉ ရက်၊ ည ၁၂ နာရီ၊ ၁၅ မိနစ်ခန့်တွင် ကားများအား ရပ်တန့်ရှာဖွေရာမှ ဆက်စပ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် အသက် ၄၇ နှစ်အရွယ် ကျော်ခိ ဆိုသူအပါအဝင် ၄ ဦးအား မြဝတီမြို့မရဲစခန်းတွင် မူးယစ် (ပ)၁၃၃/၂ဝ၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ- ၁၉(က) /၂ဝ(က)/၂၂(ခ)/၂၁၊ ကျော်ခိနှင့် စောဒိကလူး တို့နှစ်ဦးအား (ပ)၇၅၄/၂ဝ၁၈၊ ပေါက်ကွဲပုဒ်မ ၅/၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်းသိရသည်