ဂျပန်ငလျင်ကြောင့် သေဆုံးသူ ၄၄ ဦးရှိလာ

.

စက်တင်ဘာ ၁၀ ။            ။ ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ၆ ရက်နေ့က ဂျပန်နိုင်ငံ၊ ဟောကိုင်းဒိုးကျွန်းမှာ ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခဲ့ရာ သေဆုံးသူ ၄၄ ဦးရှိပြီဖြစ်ကြောင်း ဂျပန်အာဏာပိုင်တွေက ယနေ့မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ငလျင်လှုပ်ခတ်ရာ အနီးတစ်ဝိုက်ဖြစ်တဲ့ ဟောကိုင်းဒိုးကျွန်းရှိ Atsuma မြို့ဒေသခံတော်တော်များများ သေဆုံးခဲ့တာဖြစ်ပါတယ်။

အဆိုပါငလျင်ကြောင့် ဒဏ်ရာရသူ ၆၆၀ ဦးရှိခဲ့ကြောင်း ဟောကိုင်းဒိုးနယ်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။

ဒါ့အပြင် မြေပြိုမှုများဖြစ်ပွားခဲ့တဲ့အတွက် အဆောက်အဦ ၇၀ ကျော်ပျက်စီးခဲ့ရာ ဒေသခံပြည်သူ ၂၆၀၀ ဦးကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကစပြီး ယာယီတဲတွေနဲ့ ခိုလှုံခွင့်ပေးထားတယ်လို့ သိရပါတယ်။

ခေတ္တဆိုင်းငံ့ထားခဲ့ရတဲ့ ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ်တွေနဲ့ တခြားပို့ဆောင်ရေးစနစ်တွေကိုလည်း ပြန်လည်စတင်နိုင်ဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် ရပ်ဆိုင်းထားရတဲ့ လုပ်ငန်းစဉ်တွေ ပုံမှန်အတိုင်း လည်ပတ်နိုင်အောင် တစ်ပတ်လောက်အချိန်ယူရမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။