ထိုင်းက မိကျောင်းသားကင် ဆိုင်

.

စက်တင်ဘာ ၁၀ ။               ။ ထိုင်းနိုင်ငံ ရက်ချဘူရီ နယ်မြို့လေးမှာ ဖွင့်လှစ်ရောင်းချနေလျက်ရှိတဲ့ မိကျောင်းသားကင် ဆိုင်လေးကတော့ အစားအသောက်ဆန်းတွေ မြည်းစမ်းချင်ကြသူတွေ အကြိုက်တွေ့နိုင်မယ့် နေရာတစ်ခု ဖြစ်ပါတယ်။

အဆိုပါ လမ်းဘေး အကင် စားသောက်ဆိုင်မှာတော့ အရသာထူးခြားဆန်းပြားတဲ့ အဆိုပါ မိကျောင်းသား အကင်တုတ်ထိုးတွေကို ပုံစံအမျိုးမျိုးနဲ့ ရောင်းချနေလျက်ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။

ယင်းဆိုင်ကို ဖွင့်လှစ်လုပ်ကိုင်နေသူ ပိုင်ရှင်ဖြစ်သူကတော့ တစ်ချိန်က မိကျောင်းမွေးတဲ့အလုပ်ကို လုပ်ပြီး လုပ်ငန်း ပိတ်သိမ်းရမယ့်အထိ အခြေအနေ ဆိုးခဲ့ပြီးမှ ယခုအခါကျမှ အဆိုပါ မိကျောင်း အသားတွေကို စီမံပြုလုပ်ရောင်းချနေလျက်ရှိတာဖြစ်ပါတယ်။

Sitthichai Penchart အမည်ရ အဆိုပါ ဆိုင်ပိုင်ရှင်ကတော့ ဈေးမကြီးတဲ့ အရသာထူး တုတ်ထိုး မိကျောင်းသားကင် တွေကို ရောင်းချပြီး ဧည့်သည်တွေကို အထူးဆွဲဆောင်နေလျက်ရှိပါတယ်။

ရက်ချဘူရီရှိ Taweechai မိကျောင်းမွေးခြံအနားမှာပဲ သူ့ ဆိုင်ကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

" ဒီ မိကျောင်းခြံကို ကျွန်တော် ပိုင်ခဲ့တာပါ၊ ပြီးခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက ဒီမှာ မိကျောင်းတွေ သားဖောက်မွေးခဲ့တာပေါ့၊ ဒါပေမယ့် နောက်ပိုင်း စီးပွားရေးကျလာတော့ ကျွန်တော့်အလုပ်လည်း မကောင်းတော့ပါဘူး၊ အရှုံးလည်း အများကြီးပေါ်ခဲ့တယ်၊ အဲဒီလိုနဲ့ တစ်ရက်မှာ ကျွန်တော် မိကျောင်းသားကို စားကြည့်ခဲ့တယ်၊ စားရင်းနဲ့ အရမ်းအရသာ ရှိတာကို ကျွန်တော် သိလိုက်ရတယ်။ ဒါကြောင့် ခုလို ရောင်းချနေတာဖြစ်ပါတယ်" လို့ Sitthichai Penchart က ပြောသွားပါတယ်။