အာဖဂန်နစ္စတန် အသေခံဗုံးခွဲမှု လူ ၇ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရ

.

စက်တင်ဘာ ၁၀ ။                 ။ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ ယမန်နေ့ စက်တင်ဘာ ၉ ရက်က လူထုစည်းဝေးပွဲတစ်ခု ပြုလုပ်စဉ် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် ဖြစ်လို့ အနည်းဆုံး လူ ခုနစ်ဦး သေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ယင်းနေ့က ထင်ရှားတဲ့ တာလီဘန် နှိမ်နင်းရေး ခေါင်းဆောင်တစ်ဦး ကွယ်လွန်မှု ၁၇ နှစ်ပြည့် အထိမ်းအမှတ် လူအများ စုဝေးနေကြစဉ် မော်တော်ဆိုင်ကယ်စီးလာတဲ့ အသေခံဗုံးခွဲသမားက ၀င်ရောက်ဖောက်ခွဲသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကတော့ ကဘူးလ်မြို့ အရှေ့မြောက်ပိုင်း တိုင်မန်နီ ရင်ပြင်မှာ ဒေသစံတော်ချိန် ညနေ ၃ နာရီခန့်က ဖြစ်ပွားသွားခဲ့တာဖြစ်ပါတယ်။

ယင်းအချိန်က တာလီဘန် နှိမ်နင်းရေး ခေါင်းဆောင် အာမက် ရှာ မာဆော့ဒ် အား အောက်မေ့သတိယဂုဏ်ပြုသည့်အနေဖြင့် စီတန်းလှည့်လည်လာကြတဲ့ လူအုပ်စုကို ပစ်မှတ်ထား တိုက်ခိုက်သွားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။