၎င်းအနားယူပြီးနောက် Alibaba ကို ဆက်ခံတာဝန်ယူသွားမည့် သူအား ဂျက်မား ကြေညာ

.

စက်တင်ဘာ ၁၀ ။            ။ Alibaba ကုမ္ပဏီကြီးကို တည်ထောင်ခဲ့တဲ့ ဂျက်မားဟာ ၎င်းအနားယူပြီးနောက် ကုမ္ပဏီအကြီးအကဲအဖြစ် ဆက်ခံသွားမယ့်သူကို ယနေ့မနက်မှာပဲ အတိအလင်းကြေညာခဲ့တယ်လို့ သိရပါတယ်။

Alibaba ရဲ့ လက်ရှိ အမှုဆောင်အရာရှိချုပ် ဒန်နီယယ်ကျန်းဟာ လာမယ့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၊ ၁၀ ရက်နေ့မှာ ဂျက်မားရဲ့နေရာကို စတင်တာဝန်ယူပြီး Alibaba ကိုစီမံခန့်ခွဲသွားမှာဖြစ်ပါတယ်။

“ကျွန်တော်အနားမယူခင် Alibaba ရဲ့လုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့အောင် ဘယ်လိုလုပ်ကိုင်ရမလဲဆိုတာ ဒန်နီယယ်ကို အသေးစိတ်သင်ကြားပေးသွားမှာပါ။ ပြီးရင်တော့ ကျွန်တော်က ၂၀၂၀ ခုနှစ်၊ ရှယ်ယာရှင်များ နှစ်ပတ်လည် အစည်းအဝေး မတိုင်ခင်အထိ Alibaba ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအနေနဲ့ ဆောင်ရွက်သွားပါမယ်။”လို့ ဂျက်မားက ပြောကြားခဲ့ပါတယ်။

အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ဂျက်မားဟာ အဆိုပါအကြောင်းကို ၎င်းရဲ့မွေးနေ့မှာ ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။

Alibaba ကိုတည်ထောင်ခဲ့တဲ့ ဂျက်မားဟာ တရုတ်ပြည်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် အနှစ် ၂၀ တိုင်တိုင် ရပ်တည်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

 

Tags: