ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ ကောလာဟလသာဖြစ်

.

ဓာတ်ပုံ - AFP

ရန်ကုန် ၊ စက်တင်ဘာ ၁၀ ။       ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအအခြေအနေသည် ကောင်းမွန်လျက်ရှိနေပြီး ယမန်နေ့(စက်တင်ဘာ ၉)ရက်နေ့ ညပိုင်းက ထွက်ပေါ်ခဲ့သော သတင်းများသည် ကောလာဟလများသာ ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တာဝန်ရှိသူများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၉ ရက်နေ့ ညနေပိုင်းတွင် မူးလဲကာ ညာဘက်ခြမ်း လေဖြတ်သွားသည် ဆိုသည့် ကောလာဟလများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော ကျန်းမာရေးသတင်းမှာ မဟုတ်မှန်ကြောင်း သိရှိရပါသည်” ဟု NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်မည်ဟု အစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။