အိန္ဒိယတွင် မိုးကြိုးပစ်မှုများကြောင့် စံချိန်တင် လူ ၂၂ ဦးအထိ သေဆုံး

အိန္ဒိယတွင် မိုးကြိုးပစ်မှုများကြောင့် စံချိန်တင် လူ ၂၂ ဦးအထိ သေဆုံး

ဟိုက်ဒရာဘတ်၊ စက်တင်ဘာ - ၇ ။          ။ အိန္ဒိယအရှေ့တောင်ပိုင်း အန်ဒရာ ပရာဒက်ရှ်ပြည်နယ်တစ်လွှားတွင် မိုးကြိုးပစ်ခံရ၍ လူပေါင်း ၂၂ဦး သေဆုံးခဲ့ရာ အများစုမှာ လယ်ကွင်းများထဲတွင် အလုပ်လုပ်ကိုင်နေကြသည့် လယ်ယာလုပ်သားများဖြစ်သည်ဟု အာဏာပိုင်များက စက်တင်ဘာလ ၇ရက်နေ့က ပြောကြားခဲ့သည်။

အန်ဒရာပရာဒက်ရှ်ပြည်နယ်၏ ခရိုင်၈ခုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးမုန်တိုင်းများ ထစ်ချုန်းခဲ့ရာ စက်တင်ဘာလ ၆ရက် တစ်ညနေတည်းမှာပင် လူ ၂၂ဦး မိုးကြိုးထိမှန်၍ သေဆုံး ခဲ့ရခြင်းဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် အင် ချန်ဒရာဘာဘူက ပြောကြားခဲ့သည်။

အမျိုးသမီး၂ယောက် ခရစ်ကတ်အသင်းတစ်သင်းမှာ ၎င်းတို့ကစားနေသည့် ကစားကွင်းအနီးမှ သစ်ပင်တစ်ပင်ကို မိုးကြိုးထိမှန်ရာ အသက်ဘေးမှ သီသီကလေးလွတ်မြောက်ခဲ့သည်ဟု ခရိုင်ခရစ်ကတ် အရာရှိက ပြောကြားခဲ့သည်။ ''ကစားကွင်းက လူတွေနဲ့ ကစားသမားတွေ ကံကြီးလို့ လွတ်မြောက်ခဲ့တာပါ''ဟု အဆိုပါ အရာရှိက ပြောကြားခဲ့သည်။

သစ်ပင်တစ်ပင်မှာ မိုးကြိုးထိမှန်ပြီးနောက် မီးလောင်သွားခဲ့ရာ နားကွဲလောက်သည့် မြည်ဟည်းသံကြီးကြောင့် ကစားသမားများနှင့် ပွဲကြည့်ပရိသတ်များမှာ ကြောက်လန့်တကြားနှင့် ကွင်းထဲတွင်အော်ဟစ်ပြေးလွှားနေခဲ့ကြသည်ဟု ဆိုသည်။

အိန္ဒိယ၏ မုတ်သုံရာသီတွင် မိုးကြိုးများပစ်လေ့ရှိသော်လည်း စက်တင်ဘာလ ၆ရက်နေ့ကမူ မိုးကြိုးထိမှန်၍ သေဆုံးသူအရေအတွက်မှာ ပုံမှန်ထက်မြင့်မားခဲ့သည်ဟု ဆိုသည်။

အန်ဒရာပရာဒက်ရှ်ပြည်နယ်မြို့တော် ဟိုက်ဒရာဘတ်မှ ရာသီဥတုပညာရှင်များကမူ ဘင်္ဂလားပယ်အော်ပေါ်ရှိ နိမ့်ကျသော လေဖိအားစနစ်က မိုးသည်းထန်စွာ ရွာသွန်းမှုကိုဖြစ်ပေါ်စေသည် ဟုပြောကြား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly