အီရတ်က ဘတ်စ်ရာလေဆိပ်ကို ဒုံးကျည်များ ပစ်ခတ်ခံရ

.

ဘဂ္ဂဒက်၊ စက်တင်ဘာ ၈ ။            ။ အီရတ်နိုင်ငံ ဘတ်စ်ရာလေဆိပ်ကို လက်ချက် ဘယ်အဖွဲ့မှန်း မသိရတဲ့ တိုက်ခိုက်မှုအဖြစ် ဒုံးကျည်လေးစင်း ပစ်ခတ်ခံရတယ်လို့ လုံခြုံရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ညံ့ဖျင်းလို့ ရက်အတန်ကြာ ဆန္ဒပြသမှုတွေမှာ သေဆုံးသူ ၁၂ ဦးအထိ တိုးလာချိန် ခုလို တိုက်ခိုက်မှု ဖြစ်တာပါ။

အဓိကတောင်ပိုင်းမြို့ ဘာဆာရာမှာ စက်တင်ဘာ ၄ ရက်ကစပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်နေတာပဲ ဖြစ်ပါတယ်။

မသန့်ရှင်းတဲ့ ရေကို သောက်သုံးမိပြီး လူပေါင်း သုံးသောင်းကျော် ဆေးရုံ တင်ပို့ခဲ့ရပြီးနောက် အီရန်နယ်စပ်အနီး ဆန္ဒပြသူတွေဟာ အစိုးရအဆောက်အအုံ၊ အီရန်ကောင်စစ်ဝန်ရုံးနဲ့ ပြည်သူ့စစ်ရုံးတွေ၊ နိုင်ငံရေးပါတီရုံးတွေကို မီးရှို့ဖျက်ဆီးကြတာပဲ ဖြစ်ပါတယ်။

အခု လေဆိပ်နားကို ဒုံးကျည် ပစ်လွှတ်တာ ဘယ်အဖွဲ့လက်ချက်မှန်း မသိရသေးကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

ဒီလို ဒုံးကျည်တိုက်ခိုက်ခံရပေမယ့် လေယာဉ်ပျံသန်းမှုတွေ မထိခိုက်ခဲ့ကြောင်း လေဆိပ်ဝန်ထမ်းတွေအရ သိရပါတယ်။

ဒီလေဆိပ်အနီး ဘတ်စ်ရာမြို့တွင်းမှာ အမေရိကန်ကောင်စစ်ရုံးလည်း ရှိနေတာ ဖြစ်ပါတယ်။