ဟော့ကိုင်ဒို ငလျင်မှာ သေဆုံးသူ ဦးရေ ၃၅ ဦးအထိ ရှိလာ

.

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းမှာ စက်တင်ဘာ ၆ ရက်က လှုပ်သွားတဲ့ အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေဟာ စက်တင်ဘာ ၈ ရက်မှာဆိုရင် ၅ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။

အင်အား ၆ ဒဿမ ၆ အဆင့်ရှိ အဲဒီငလျင်ကြောင့် မြေပြိုမှုတွေဖြစ်ပြီး  ကယ်ဆယ်ရေးဝန်ထမ်း ထောင်ပေါင်းများစွာဟာ အသက်ရှင်နိုင်သူတွေအတွက် ရွံ့နွံတွေကြား ရှာဖွေမှုတျွှေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

သေဆုံးမှု အများဆုံးဟာ တောင်စောင်းပဲ့ကျပြီး ပိမိရာ အက်ဆူမာကျေးလက်မြို့ငယ်လေးမှာ ဖြစ်ပါတယ်။

ဒီမြို့မှာ လူငါးဦး သေဆုံးနေဆဲဖြစ်ပြီး သေဆုံးသူက ၃၅ ဦး ရှိတယ်လို့ အများပိုင်ရုပ်သံဌာန NHK က ဖော်ပြပါတယ်။

ထိခိုက်ဒဏ်ရာရသူပေါင်း ၆၀၀ ကျော်ထက်မနည်း ရှိတယ်လို့လည်း ဟော့ကိုင်းဒိုင်းကျွန်း ဌာနေအစိုးရက ထုတ်ပြန်ပါတယ်။

“ကျွန်တော်တို့ နယ်မှာ မြေပြိုကျတာကို ဘယ်တော့မှ မမြင်တွေ့ခဲ့ဖူးဘူး။”လို့ အစ်ကိုဖြစ်သူ ပျောက်ဆုံးလျက်ရှိနေတဲ့ အကီရာက ပြောပါတယ်။

“ဒီလို တောင်စောင်းပဲကျ ပြိုကျလာတာကို ကိုယ်ပိုင်မျက်လုံးနဲ့ မြင်တဲ့တိုင်အောင် ကျွန်တော် မယုံနိုင် ဖြစ်ရတယ်။ ဒီအချိန်မှာ ဘယ်သူမှ မလွတ်တော့ဘူး။ အကုန် သေဆုံးကုန်တော့မှာပဲလို့ သိလိုက်တယ်။”လို့လည်း သူက ဆက်လက်ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ကိုယ်ပိုင်စစ်တပ်တပ်ဖွဲ့ဝင်တွေအပါအ၀င် အင်အား လေးသောင်းနီးပါးနဲ့ ဘူဒိုဇာတွေ၊ အနံခံခွေးတွေနဲ့ ရဟတ်ယာဉ်ပေါင်း ၇၅ စင်းနဲ့ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း အစိုးရထိပ်တန်း ပြောခွင့်ရ ယိုဟီဟိုင်ဒီဆူဂါးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။