NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မြန်မာကျောင်းသားကျောင်းသူ ၃၀၀ ခန့်ကို ပညာသင်ဆုထောက်ပံ့ခြင်း ပြုလုပ်

.

 ရန်ကုန်၊ စက်တင်ဘာ ၈ ။         ။ မြန်မာ အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ကျောင်းသားများအပါအ၀င် ကျောင်းသား ၃၀၀ အတွက် ပညာသင်ဆုများကို မိသားစုအခြေအနေနှင့်  ပညာရည်ထူးချွန်မှုပေါ် မူတည်ပြီး SCG မှ ပေးအပ်ခဲ့ကြောင်း သိရသည်။

SCG Sharing the Dream 2018 ပညာသင်ဆုအစီအစဉ်တွင် ရန်ကုန်မြို့မှ ၁၅၀ ဦး မွန်ပြည်နယ်မှ ၁၅၀ ဦး စုစုပေါင်း ၃၀၀ ကို ပညာသင်ဆု ရွေးချယ်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

တစ်နှစ်လျှင် တစ်ဦးကို ကျပ် ၂ သိန်းခွဲ ထောက်ပံ့ပေးခြင်းဖြစ်ပြီး အတန်းပညာအလိုက် ထောက်ပံ့မှုနှုန်း ကွာခြားကာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကိုပါ ပညာသင်ကြားရေးအထောက်အကူဖြစ်စေရန် ထောက်ပံ့ခြင်း ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ၏ မိသားစုအခြေအနေ၊ ပညာရည်ထူးချွန်မှု၊ ငွေကြေး အခြေအနေ စသည့် အချက်များအပေါ်မူတည်၍ ကုမ္ပဏီဘက်မှ ရွေးချယ်ဆုံးဖြတ်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့မှ ကျောင်းသားကျောင်းသူ ၁၅၀ အတွက် ပညာသင်ဆုပေးအပ်ခြင်းကို ရန်ကုန်မြို့ IBC (International Business Center) တွင် စက်တင်ဘာ ၈ ရက် နေ့က ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံမတ်ကြီး Mr. Jukr Boon-Long နှင့် SCG ၏ ဒုတိယဥက္ကဋ္ဌ Mr.Paramate Nisagornsen တို့ တက်ရောက်ခဲ့ကြသည်။

“ ပညာသင်ကြားမှုကနေပြီးတော့ ဘ၀ကို ရှင်သန်ရပ်တည်နိုင်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒီရှင်သန်ရပ်တည် မှု ဟာ တိုင်းပြည်ကိုဘယ်လောက်ဖွံ့ဖြိုးတိုးတက်စေမလဲဆိုတဲ့ မျှော်မှန်းချက်တွေနဲ့ ရှင်သန်ရပ်တည်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ တစ်ခါတစ်လေမှာ ကိုယ်ဖြစ်ချင်တဲ့ ဘောင်ကျဉ်းကျဉ်းလေးထဲကနေ စဉ်းစားမယ်ဆိုရင် တချို့စဉ်းစားမှုတွေဟာ ကိုယ့်ဘက်ကို ပြန်ပိတ်မိနေတတ်ပါတယ်။ ဒါကြောင့်မို့ ကျယ်ပြန့်တဲ့ တွေးခေါ်စဉ်းစားမှုတွေနဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုးပမ်းဖို့လိုပါတယ်" ဟု ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထိုင်းအခြေစိုက် ဘိလပ်မြေကုမ္ပဏီ ဖြစ်သည့် SCG ၏ ပညာသင်ဆုအတွက် ရန်ကုန်မြို့မှ ကျောင်းသား၊ ကျောင်းသူ ၈၇၈ ဦး၊ မွန်ပြည်နယ်မှ ကျောင်းသားကျောင်းသူ ၆၇၅ ဦး စုစုပေါင်း ၁၅၃၃ ဦး လျှောက်ထားခဲ့ကြ သည်။

"သူတို့အနေနဲ့ ပညာသင်ဆုရတော့ ပညာရေးအတွက်လိုအပ်တဲ့နေရာလေးတွေမှာသုံးရတော့ ဘာပဲဖြစ်ဖြစ်လေ ကျေနပ်ပါတယ်။ ပျော်ပါတယ်" ဟု ၂ နှစ်ဆက်တိုက် ပညာသင်ဆုရရှိခဲ့သော ငါးဘာသာဂုဏ်ထူးရှင် ကျောင်းသူတစ်ဦး၏ မိခင် မသင်းသင်းခိုင်က ဆိုသည်။

ပညာသင်ဆုအစီအစဉ်ကို ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်အထိ ပညာသင်ဆုပေါင်း ၁၆၀၀ ကျော်နှင့် သိန်း ၃၀၀၀ ကျော် (၃၂၅,၀၀၀,၀၀၀ )ကျပ် ကို ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု ကုမ္ပဏီဘက်မှ သိရသည်။

အဆိုပါပညာသင်ဆုကို SCG ဖေ့ဘွတ်မှ ကြေညာပေးနေခြင်းဖြစ်ပြီး တစ်နှစ်တစ်ခါ ခေါ်ယူခြင်း ဖြစ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။