အသရေဖျက်မှုဖြင့် တရားစွဲဆိုထားသော ရုံးချိန်းသို့ စိုးမြတ်နန္ဒာ လာရောက်

.

ဓာတ်ပုံ-သက်ကို

စက်တင်ဘာ ၇ ။            ။ အသရေဖျက်မှုဖြင့် စိုးမြတ်နန္ဒာမှ ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားမှုအား  မရမ်းကုန်းမြို့နယ်တရားရုံးတွင် စက်တင်ဘာလ ၇ ရက်မှာ ရုံးချိန်း ချိန်းခဲ့ရာ တိုင်ကြားခံရသူ ဦးကျော်ကျော်ထွန်း မလာရောက်ခဲ့ကြောင်း သိရသည်။

တိုင်ကြားခံရသူအနေဖြင့် စက်တင်ဘာ ၇ ရက်တွင် ဖြေရှင်းရန် တရားရုံးသို့လာရောက်ရမည်ဖြစ်ကြောင်း သိရသည်။

စိုးသူထံမှ ရစရာရှိငွေ ကျပ် သိန်း ၃၀၀ ကျော်အား သတင်းစာမှ တောင်းခံခဲ့ရာတွင် စိုးမြတ်နန္ဒာအမည်အား ထည့်သွင်းကြေညာခဲ့သောကြောင့် အကြွေးတောင်းသူ ဦးကျော်ကျော်ထွန်းအား စိုးမြတ်နန္ဒာက အသရေဖျက်မှုဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးတွင် သြဂုတ် ၂၄ ရက်က ဦးတိုက်လျောက်ထားခဲ့ခြင်း ဖြစ်သည်။

စိုးမြတ်နန္ဒာက သရုပ်ဆောင်စိုးသူ၏ငွေကြေးကိစ္စတွင် ပါဝင်ပတ်သက်မှုမရှိဘဲ နာမည်ပူးတွဲ၍ သတင်း စာတွင် ကြော်ငြာခြင်းမှာ ဂုဏ်သိက္ခာကျဆင်းစေသည်ဟုဆိုကာ ဦးကျော်ကျာ်ထွန်းထံမှ နစ်နာကြေး ကျပ်သိန်း ၁၅၀၀၀ ကို ၇ ရက်အတွင်းပေးရန်လည်း သြဂုတ်လ ၂၀ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာထည့်သွင်း တောင်းဆိုထားသည်။

ထို့ပြင် သရုပ်ဆောင်စိုးသူကလည်း ငွေကြေးကိစ္စ စာချုပ်အရ သတ်မှတ်ရက်မတိုင်မီ သတင်းစာတွင် ထည့်သွင်းကြော်ငြာခဲ့သည့်အတွက် ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟုဆိုကာ တရားစွဲဆိုသွားမည်ဟုလည်း သတင်းစာတွင် ကြော်ငြာထားသည်။

ဦးကျော်ကျော်ထွန်းသည် Striking Thunder Entertainment အမည်ဖြင့် မန္တလေးတွင် ကျင်းပခဲ့ သော စိုးသူ ၏ One Night Mandalay ဖျော်ဖြေပွဲအတွက် ပွဲစီစဉ်သူဖြစ်ပြီး စိုးသူ၏ "အမြတ်နိုးဆုံး မင်းအကြောင်းလေး" တေးစီးရီးအား ဖြန့်ချိခဲ့သူဖြစ်ကြောင်း သိရသည်။