အမေရိကန် မင်းသားကြီး ဘတ် ရေးနိုးစ် ကွယ်လွန်

.

စက်တင်ဘာ ၇ ။            ။ "Deliverance" နဲ့ "Boogie Nights" ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကျော်ခဲ့တဲ့ အမေရိကန် မင်းသားကြီး ဘတ် ရေးနိုးစ်ဟာ စက်တင်ဘာ ၆ ရက်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

အသက် ၈၂ နှစ်အရွယ် မင်းသားကြီး ရေးနိုးစ်ဟာ ဖလော်ရီဒါပြည်နယ်ရှိ ဆေးရုံတစ်ခုမှာ တက်ရောက်ကုသနေရင်း ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း ၎င်းရဲ့ မန်နေဂျာဖြစ်သူ အီရစ်ခ် ခရစ်ဇာက ပြောပါတယ်။

သရုပ်ဆောင်လောကမှာ ဆယ်စုနှစ်ခြောက်စုကြာ ကျင်လည်ခဲ့တဲ့ ရေးနိုးစ်ဟာ ၁၉၉၇ ဇာတ်ကား "Boogie Nights" မှာ ၎င်းရဲ့ သရုပ်ဆောင်မှုအတွက် အော်စကာဆု အမည်စာရင်းသွင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၁၀ တုန်းက နှလုံးသွေးကြော ခွဲစိတ်ကုသမှု တစ်ခုကို ခံယူခဲ့ရပြီး ယခုအခါမှာတော့ နှလုံးရောဂါဖောက်ပြီး ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။