ရုရှားတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးမှာ ပါဝင်တက်ရောက်ရန် ကင်မ်ဂျုံအန်းအား ဖိတ်ကြားထား

.

စက်တင်ဘာ ၇ ။            ။ လာမည့် သီတင်းပတ် ရုရှားနိုင်ငံမှာ ကျင်းပမယ့် ဒေသတွင်း ထိပ်သီးအစည်းအဝေးတစ်ရပ်မှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း နဲ့အတူ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ခေါင်းဆောင်တွေ ပါဝင်တက်ရောက်လာဖွယ် ရှိနေပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ ၁၃ ရက်အထိ ဗလာဒီဗို့စ်တော့ခ် မြို့မှာ ကျင်းပမယ့် အရှေ့ခြမ်း စီးပွားရေး ဖိုရမ်မှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ပါဝင်တက်ရောက်ဖို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဖိတ်ကြားထားပါတယ်။

ဒါပေမယ့်လည်း ခုထက်ထိတော့ ယင်းအစည်းအဝေးမှာ ပါဝင်တက်ရောက်ဖို့ ကင်မ်ဂျုံအန်းဘက်က တရားဝင် အကြောင်းပြန်ခြင်း မရှိသေးပါဘူး။

သို့ပေမယ့်လည်း အကယ်၍များ အဆိုပါ ထိပ်သီးအစည်းအဝေးမှာ ကင်မ်သာ တက်ရောက်ခဲ့မယ်ဆိုရင် ဒါဟာ ၎င်းအတွက်ကတော့ ပြုံယမ်းကို နိုင်ငံတကာမှာ ပစ်ပယ်ခံထားရတဲ့ အဖြစ်ကနေ လွတ်မြောက်နိုင်အောင် ဆောင်ရွက်မယ့် အဓိကကြိုးပမ်းချက်တစ်ခုလည်း ဖြစ်လာဖို့ ရှိနေပါတယ်။

အဆိုပါ ရုရှား ထိပ်သီးအစည်းအဝေးမှာတော့ တရုတ် သမ္မတ ရှီကျင့်ဖျင် ပါဝင်တက်ရောက်လာမှာဖြစ်တယ်လို့ သိရပါတယ်။