ဇဏ်ခီနှင့် တွဲဖက်သရုပ်ဆောင်ရန် သရုပ်ဆောင်သစ်များ ခေါ်ယူနေ

.

စက်တင်ဘာ ၇ ။        ။ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးပုံဖော်မည့် ဇာတ်ကားများအတွက် သရုပ်ဆောင်သစ်များကို စက်တင်ဘာလ ၇ ရက်က ခေါ်ယူနေသည်။

လာမည့် ၂၀၁၈/၂၀၁၉ တွင် ထုတ်လုပ်မည့် “Now & Ever” ရုပ်ရှင်ဇာတ်ကားကြီး၊ “သီတာ” ရုပ်ရှင်ဇာတ်ကားကြီး နှင့် TV series ဇာတ်လမ်းတွဲများတွင် သရုပ်ဆောင် ဇဏ်ခီနှင့်အတူ ပါဝင် သရုပ်ဆောင်ချင်သူများအတွက် သရုပ်ဆောင်ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သရုပ်ဆောင်သစ်များခေါ်ယူခြင်းအစီအစဉ်ကို မကြာမီအချိန်ကာလအတွင်း စတင်တော့မှာ ဖြစ်ကြောင်း သရုပ်ဆောင်ရူးသွပ်သူများအတွက်ကြေညာအပ်ပါတယ်ဟု Central Base Productions မှကြေညာထားသည်။

Form များကို သတ်မှတ်ချက်များဖြည့်စွက်၍ လူကိုယ်တိုင် လာရောက်၍ လျှောက်လွှာတင်ရမည် ဖြစ်ပြီး ယခုခေါ်ယူခြင်းသည် Casting Form တင်ခြင်းအဆင့်သာဖြစ်ကာ၊ ဒုတိယအဆင့် Director Teamက လူတွေ့စစ်ဆေးမည့်သူများကို ပြန်လည်ဆက်သွယ်မည်ဟု သိရသည်။

အဆိုပါ Casting form ကို Download ရယူရန် https://drive.google.com/open… မှ ဒေါင်းလုတ်ရယူကာ ဖြည့်စွက်လျှောက်ထားနိုင်ကြောင်း စက်တင်ဘာလ ၇ ရက်က လူမှုကွန်ရက်တွင် ကြေညာထားသည်။

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးပုံဖော်ခဲ့သည့် ဥပါယ်တံမျှဉ်၊ မုဒြာခေါ်သံ ရုပ်ရှင်ကားများ ပရိသတ်များအကြား လူကြိုက်များခဲ့သည်။