သက်​ငယ်​မုဒိမ်းကျူးလွန်​ခံရသူ က​လေးငယ်​များအား ဘဝတူက​လေးငယ်​၏ မိဘများက ငွေလှူ

.

ပခုက္ကူ၊ စက်​တင်​ဘာ ၆ ။        ။ သက်​ငယ်​မုဒိမ်း ကျူးလွန်​ခံရသည့် ဆင်းရဲနွမ်းပါးသည့် က​လေးသူငယ်​များအတွက်​ ဘဝတူ ကလေးငယ်​ တစ်​ဦး၏ မိဘများက စက်တင်ဘာလ ၆ ရက်က ပခုက္ကူမြို့တွင် အလှူငွေ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျူးလွန်ခံရသူ မိန်းကလေးငယ် ၃ ဦးအတွက် လှူဒါန်းခြင်းဖြစ်ပြီး အမှုရင်ဆိုင်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်သည်ဟု သိရသည်။

"မုံရွာဘက်​က သက်​ငယ်​မုဒိမ်း ကျုးလွန်​ခံခဲ့ရတဲ့ က​လေးမ​လေးရဲ့ မိသားစုက​နေ ပခုက္ကူဘက်​က သက်​ငယ်​မုဒိမ်း ကျုးလွန်​ခြင်းခံရသော က​လေးမ​လေး ၃ ဦးကို လာ​ရောက်​​ထောက်​ပံ​ပေးခြင်းဖြစ်​ပါတယ်​။ အဓိက ရည်​ရွယ်​ချက်​က သက်​ငယ်​မုဒိမ်း ကျုးလွန်​ခံရတဲ့ က​လေး​တွေက ဆင်းရဲကြတယ်​။အဲဒါ​ကြောင့်​ တရားရုံးစရိတ်​​တွေ၊ သွားလာစရိတ်​​တွေ ထောက်​ပံခြင်းဖြစ်​ပါတယ်​"ဟု လိုက်​လံကူညီ​ဆောင်​ရွက်​​ပေးသော ၈၈မျိုးဆက်​ငြိမ်းချမ်း​ရေးနှင့်​ပွင့်လင်းလူ့အဖွဲ့အစည်း(ပခုက္ကူ)မှ ဦးသက်​ကြူက ပြောသည်​။

ယခုကဲ့သို့ ကူညီ​ထောက်​ပံ့ရာတွင်​ ဘဝတူ မိသားစုချင်း သာမက အလှူရှင်​ တစ်ဦးချင်းစီကလည်း လှူဒါန်း​ထောက်​ပံ့ခဲ့ကြပြီး လှူဒါန်းမှုပမာဏကိုတော့ မသိရပေ။

အသက်​မပြည့်​သည့်​ က​လေးသူငယ်​များအား လိင်​အကြမ်းဖက်​မှုနှင့်​ပတ်​သက်​၍ အစိုးရအ​နေဖြင့်​ ကူညီ​ထောက်​ပံ့မှုများရှိ​သော်​လည်း ဥပ​ဒေအရ ထိ​ရောက်​စွာ ကူညီ​စေချင်သည်ဟု အလှူရှင်များက ဆိုသည်။

"လက်ရှိအစိုးရလက်ထက်မှာ ​​​ခုလိုဖြစ်​စဉ်​​တွေကို လူကယ်​ပြန်​ကို သတင်းပို့​လေ့ရှိတယ်​။ အစိုးရက ​ထောက်​ပံ​နေတာရှိတယ်​။ က​လေး​တွေကို ​ငွေ​ကြေး​ထောက်​ပံတာထက်​ ဥပ​ဒေအတိုင်းစီရင်​တာကို ပိုလိုလားတယ်​။ ငွေ​​ကြေးကို အစိုးရအပြင်​ အခြားအရပ်​ဖက်​အဖွဲ့အစည်း​တွေကလည်း​ ပံ့ပိုးကူညီနိုင်​ပါတယ်​။ အစိုးရအ​နေနဲ့ ဥပ​ဒေစီရင်​​ရေးမှာ ​ဖြောင့်​​ဖြောင့်​မတ်​မတ်​ စီရင်​​စေချင်​တယ်​လို့ ​မေတ္တာရပ်​ခံချင်​တာပါ"ဟု လိုက်​လံကူညီ​ဆောင်​ရွက်​သူ ကို​နေကိုဦးက ဆိုသည်​။

လက်​ရှိ​ထောက်​ပံ့ခံရသူ က​လေးများတွင် ၎င်းတို့နှင့်​ နီးစပ်​သူများက လိင်​အကြမ်းဖက်​မှု ကျုးလွန်​ခံထားရသူများဖြစ်​ပြီး အစ်မဖြစ်သူ၏ ​ခင်ပွန်းက ၆ လ ဝန်းကျင်​အထိ အကြိမ်​ကြိမ်​ ကျူးလွန်​ခြင်းခံရသူ မိန်းကလေးငယ်တစ်ဦးလည်း ​​ပါဝင်​​နေသည်​။