အငြင်းပွားကျွန်းများအနီး ဗြိတိန်စစ်သင်္ဘော ခုတ်မောင်းမှု တရုတ် ပြစ်တင်

.

စက်တင်ဘာ ၆ ။           ။ တောင်တရုတ်ပင်လယ်ပြင်ရှိ အငြင်းပွားကျွန်းစုများအနီး  ဗြိတိန် စစ်သင်္ဘောတစ်စင်း ဖြတ်ကျော်ခုတ်မောင်းခဲ့မှု ကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရက စက်တင်ဘာ ၆ ရက်မှာ ဒေါသတကြီး ပြစ်တင်ပြောကြားသွားပါတယ်။

အဆိုပါ ကျွန်းစုတွေနဲ့ပတ်သက်လို့ တရုတ်နဲ့ ကျန်နိုင်ငံတစ်ချို့အကြား ပိုင်ဆိုင်ကြောင်း အငြင်းပွားမှုများ ရှိနေပြီး ယင်းကျွန်းစုတွေမှာ ပေကျင်းဘက်ကလည်း စစ်ဘက်ဆိုင်ရာ တပ်ဆင်တည်ဆောက်မှုများလည်း ပြုလုပ်ထားပါတယ်။

သို့ပေမယ့် အမေရိကန်နဲ့ ယင်းရဲ့ မဟာမိတ်တွေကတော့ ယခင်ကာလတွေတုန်းကတော့ အဆိုပါ ဧရိယာတစ်ဝိုက်မှာ ယင်းတို့ရဲ့ လေယာဉ်တွေ၊ စစ်သင်္ဘောတွေကို ဖြတ်သန်းထားစေခဲ့ပါတယ်။

ယခုကိစ္စမှာတော့ ဗြိတိန်တို့ရဲ့ HMS Albion ရေတပ်သင်္ဘောဟာ သြဂုတ် ၃၁ ရက်က အငြင်းပွား Paracel ကျွန်းစုအနီး ကပ်ပြီး ခုတ်မောင်းသွားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သွားခဲ့ပါတယ်။

အဆိုပါ ရေယာဉ်ဟာ တရုတ်အစိုးရထံက ခွင့်ပြုချက် မတောင်းဘဲ ကျွန်းစုတွေအနား ရေပိုင်နက်ထဲ ၀င်ရောက်လာခဲ့တာဖြစ်ကြောင်း ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က စောဒကတက်ပြောကြားသွားခဲ့ပါတယ်။

Tags: