ဖောက်သည်တွေကို အထူးဆွဲဆောင်နေတဲ့ ကမ္ဘောဒီးယားက တွားသွားတိရိစ္ဆာန် ကော်ဖီဆိုင်

.

စက်တင်ဘာ ၆ ။           ။ မြွေ၊ ဖွတ်၊ ကင်းမြီးကောက် စတဲ့ တွားသွားတိရိစ္ဆာန်တွေကို ဆိုင်ထဲမှာ ဒီတိုင်းလွှတ်ထားပေးပြီး ဧည့်သည်တွေကို ၀န်ဆောင်မှုပေးနေတဲ့ ကော်ဖီဆိုင်တစ်ဆိုင် ကမ္ဘောဒီးယားနိုင်ငံမြို့တော်  ဖနွမ်းပင်မှာ ရှိပါတယ်။

ယင်းဆိုင်ထဲ ၀င်ကြည့်လိုက်မယ်ဆိုရင်တော့ လာရောက်အားပေးကြတဲ့ ဖောက်သည်တွေဟာ ဆိုရင် အဖြူရောင် စပါးအုံးမြွေတွေ၊ လိမ္မော်ရောင် မြွေတွေ၊ ဖွတ်တွေအပြင် လက်သီးဆုပ်အရွယ်ရှိ ကင်းမြီးကောက်တွေနဲ့ နီးနီးကပ်ကပ် ရင်းရင်းနှီးနှီး ရှိနေကြတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ဒါဟာ အဆိုပါ တွားသွားသတ္တ၀ါတွေကို ကြောက်တတ်ကြသူတွေအတွက်တော့ သူ့ဆိုင်မှာ ကော်ဖီလာသောက်မယ်ဆိုရင် ယင်းတိရိစ္ဆာန်လေးတွေနဲ့ နီးနီးကပ်ကပ်နေရင်းနဲ့   ကြောက်စိတ်ကိုဖြေဖျောက်နိုင်လိမ့်မယ်လို့  အဆိုပါ ကော်ဖီဆိုင်ပိုင်ရှင် Chea Raty က ပြောပါတယ်။

ဖနွမ်းပင်မြို့မှာ လူသိများတဲ့ အခြားသော ကြောင် ကော်ဖီဆိုင်တွေနဲ့ မတူ ခွဲထွက်ပြီး ခုလိုမျိုး လူအများကြောက်ကြတဲ့ မြွေနဲ့ ဖွတ်လိုမျိုး အကောင်တွေနဲ့ အတူရှိစေမယ့် ကော်ဖီဆိုင်ကို ထူးထူးခြားခြား ဖွင့်ဖို့ စိတ်ကူးရခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

ယင်း တိရိစ္ဆာန်အကောင်တွေကို မုန်းကြသူတွေကို သူတို့ နားလည်မှုလွဲနေကြောင်း စည်းရုံးလိုတဲ့ ရည်ရွယ်ချက်နဲ့ ခုလို ဆိုင်မျိုး ဖွင့်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ဆိုင် နံရံတွေမှာ ထားရှိတဲ့ မှန် ကန်တွေထဲမှာလည်း အရောင်အသွေးနဲ့ အရွယ်အစား စုံ မြွေတွေကို ထည့်ထားတာကိုပါ တွေ့ရမှာဖြစ်ပါတယ်။

ယင်းဆိုင်မှာ သီးသန့် ၀င်ကြေး သတ်မှတ်ထားခြင်း မရှိဘဲ လာရောက်သူတွေဟာ ကော်ဖီ တစ်ခွက် မှာပြီး ၀င်ထိုင်သောက်ရုံပဲဖြစ်ပါတယ်။