ကျပ်သိန်း ၃၅၀ကျော် ကုန်ကျခံရိုက်ကူးထားသော ပိုပို၏ MasterPiece MTV

.

ရန်ကုန်၊စတင်ဘာ ၅ရက် ။          ။ တေးသံရှင်ပိုပို၏ စတုတ္ထမြောက်တေးအယ်ဘမ်ဖြစ်သည့် MasterPiece ဟု အမည်ပေးထားသော MTV& DVD Karaoke အခွေကို ကျပ်သိန်း ၃၅၀ကျော် ကုန်ကျခံရိုက်ကူးထားတယ်လို့ သိရပါတယ်။

MasterPiece MTV အခွေမှာ တေးသီချင်းပေါင်း ၁၆ပုဒ်ခန့်ပါဝင်ပြီးThe Sun Music Production မှ စက်တင်ဘာ ၉ရက်မှာ စတင်ဖြန့်ချိသွားမယ်လို့ တေးသံရှင် ပိုပိုက ဆိုပါတယ်။

တေးသံရှင်ပိုပိုရဲ့ MisterPiece MTV အခွေကို ဒါရိုက်တာ အောင်မြတ်၊ဇော်ကြီး၊ သီဟ(Dyno)၊Exit(Kre-X Entertainment) ၊ FG Entertainment ၊ ဇေယျ၊ မေဘရဏီ၊ ပိုပို တို့ကဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး၊ သရုပ်ဆောင် နေတိုး၊ အောင်ရဲလင်း၊ ဇေယျ၊ ထူးခြား၊ အောင်လေး၊ အလင်းရောင်၊ ဒေါင်း၊ ကျော်စု၊ မျိုးကိုကိုကျော်၊ လင်းအောင်ခေတ်၊ စိုင်းဟက်ဟက်(just)၊ ဝတ်မှုံရွှေရည်၊ ပိုပို၊ ဆူဇီ၊ ပန်းပန်၊ အင်ကြင်းထူး၊ စုစန္ဒီထွန်း၊ ခင်ဖြူ ဇင်ထိုက်၊ Here & Now တို့က သရုပ်ဆောင်ပေးထားကြပါတယ်။

 " ပိုပိုရဲ့ဘဝအတွက် အနုပညာမှတ်တိုင်အဖြစ် MasterPiece MTV အခွေကို အခုလိုငွေကုန်ကြေးကျ ခံပြီး ရိုက်ကူးထားတာပါ။ MTV ရိုက်ခတင် သိန်း ၃၅၀ကျော်ကုန်တယ်။ MTV ကိုပြန်ကြည့်တဲ့အချိန်မှာအားရတယ်၊ အနုပညာမှတ်တိုင်တစ်ခုအနေနဲ့ ကြိုးစားပြီးဖန်တီးထားတာပါ။ MTV အခွေကို Misterpiece လိုအမည် ပေးထားတာက ပိုပိုက Masterpiece ဆိုတာကိုပြောချင်တာပါ။ အချစ်သီချင်းကနှစ်ပုဒ်ပါမယ်။ မြန်မာနိုင်ငံမှာ အချောဆုံး မင်းသားတွေထည့်ထားပါတယ်။ မူရင်းအခွေကိုဝယ်ပြီး အားပေးစေချင်လို့ ၂၀၀၀ နဲ့ပဲရောင်းပါတယ်။ ငွေကြေးအရ အောင်မြင်မှုကို မလိုချင်ပေမယ့် အနုပညာရဲ့အောင်မြင်မှုကိုလိုချင်တာပါ"  ဟု တေးသံရှင်ပိုပိုက ပြောပါတယ်။

MTV မှာပါဝင်သော တေးသီချင်းများကို Myanmar Music Online Store မှာတင်သွားမှာဖြစ်ပြီး၊ အခွေ ထွက်ရှိပြီး နှစ်ပါတ်မြောက်မှာ You Tube တင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ MTV အခွေအတွက် ပရိုမိုးရှင်းပွဲကို အခွေထွက်ရှိမယ့် စက်တင်ဘာ ၉ရက်မှာ ကန်တော်ကြီးမျှော်စင်ကျွန်း(ရန်ကုန်)မှာ ပြုလုပ်မှာ ဖြစ်သလို စက်တင်ဘာ ၁၃ရက်နေ့မှာလည်း မုံရွာ (Ocean) နဲ့ စက်တင်ဘာ ၁၄ရက်နေ့မှာ မန္တလေးမြို့က မနော်ရမ္မံ ကစားကွင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။