လမ်းပေါ်ကျန်နေသော အမှိုက်များ ထွက်လှည်းရာမှ ဓာတ်ကြိုးပြတ်ကျ၍ လူတစ်ဦးသေဆုံး

.

ပခုက္ကူ၊စက်တင်ဘာ ၅ ။           ။ မိုးရွာ၍ လမ်းပေါ်တွင် ကျန်ရှိနေသည့် အမှိုက်များအား လိုက်လံလှည်းကျင်းနေစဉ် လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျ၍ လူတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ပခုက္ကူမြို့တွင် စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၄ ရက် နေ့ ညပိုင်းက ပခုက္ကူတွင် ရွာသွန်းခဲ့သည့် မိုးကြောင့် အမှတ် ၄ ရပ်ကွက် အသောကလမ်းတွင် ကျန်ရှိနေသည့် အမှိုက်များအား အမျိုးသားတစ်ဦးက လိုက်လံလှည်းနေစဉ် ဓာတ်တိုင် ၂တိုင်ကြား သွယ်တန်းထားသည့် လျှပ်စစ်ကြေးကြိုး မှ မိုးရေအိုင်အတွင်းပြတ်ကျကာ ဓာတ်လိုက်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်လိုက်ခံရသူကို ပတ်ဝန်းကျင်မှ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများ အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးရန် သေမှုသေခင်း အမှတ် ၁၅/၂၀၁၈ဖြင့် ပခုက္ကူမြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်နေကြောင်းသိရသည်။