ကော်ဖီခွက်ထဲ ဆီးသွားသည့် ကနေဒါအမတ် ၀န်ချတောင်းပန်ရ

ကော်ဖီခွက်ထဲ ဆီးသွားသည့် ကနေဒါအမတ် ၀န်ချတောင်းပန်ရ

တိုရွန်တို၊ စက်တင်ဘာ-၇ ။            ။ ကနေဒါနိုင်ငံတွင် ကွန်ဆာဗေးတစ်ဝန်ကြီးချုပ် စတီဖင် ဟာပါး၏ ပါတီအတွက် ယှဉ်ပြိုင်အရွေးခံသည့် အမတ်လောင်းတစ်ယောက်မှာ စက်ပြင်ဆရာအဖြစ် အလုပ်လုပ်ခဲ့စဉ်က ကော်ဖီခွက်ထဲသို့ ဆီးသွားနေသည့်ပုံကို ရိုက်ကူးထားသည့် ဗွီဒီယိုကြောင့် ဝန်ချတောင်းပန်ခဲ့ရသည်ဟု ဆိုသည်။

၂၀၁၂ခုနှစ်က ပြင်ဆင်ပေးပါရန် ဖုန်းဆက်ခေါ်ဆိုမှုကြောင့် ဂျယ်ရီ ဘန့်စ်က အိမ်တစ်အိမ်တွင် သွားရောက်ပြင်ဆင်နေစဉ်အတွင်း အိမ်ရှင်မှာ တစ်ဖက်အခန်းထဲတွင် ရှိနေသည်ကို သတိမထားမိဘဲ ကော်ဖီခွက်ထဲသို့ ဆီးသွားရာ ကင်မရာဝှက်များက အမိအရရိုက်ယူထားလိုက်သည့်ဗွီဒီယိုကို Canadian Boadcast Corp.က ထုတ်လွှင့်ခဲ့ခြင်းပင်ဖြစ်သည်။

အောက်တိုဘာ ၁၉ရက်ရွေးကောက်ပွဲတွင် တိုရွန်တိုခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဘန့်စ်မှာ အိမ်ပြင်ဆင်ရေးကုမ္ပဏီတစ်ခုကို ထူထောင်လည်ပတ်နေသည်။ ဗွီဒီယိုပုံရိပ်မှာ မည်သူမည်ဝါ မထင်ရှားသော်လည်း ဘန့်စ်ကမူ အလွန်အမင်း နောင်တရမိကြောင်း ဝန်ချတောင်းပန်ခဲ့ရသည်။   

ကနေဒါမှာ ဆုတ်ကပ်အတွင်း သက်ဆင်းနေပြီ ဒုက္ခသည်များအရေးကိုလည်း ထိထိရောက်မလုပ်သောကြောင့် ဟာပါး၏အစိုးရမှာ အဝေဖန်ခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly