ဂျူဗင်တပ်တွင် တိဗက်ဇ်၏ အောင်မြင်မှုကို ကွာဒရာဒိုပြိုင်နိုင်စွမ်းရှိဟု မာရော့တာဆို

ဂျူဗင်တပ်တွင် တိဗက်ဇ်၏ အောင်မြင်မှုကို ကွာဒရာဒိုပြိုင်နိုင်စွမ်းရှိဟု မာရော့တာဆို

စက်တင်ဘာ ၇၊ တူရင် ။          ။ ကစားသမားသစ် ကွာဒရာဒိုသည် ဂျူဗင်တပ်အသင်းတွင် တိုက်စစ်မှူးတိဗက်ဇ်၏အောင်မြင်မှုများကို ယှဉ်ပြိုင်နိုင်မည့်သူအဖြစ် အသင်းအထွေထွေဒါရိုက်တာ ဂူဆက်ပီမာရော့တာက ယုံကြည်နေသည်။

ကွာဒရာဒိုသည်ဇန်နဝါရီတွင် ဖီအိုရင်တီးနားမှ ချယ်လ်ဆီးသို့ပြောင်းရွှေ့ခဲ့သော်လည်း မော်ရင်ဟိုလက်အောက်၌နေရာမရသဖြင့် နွေရာသီ အပြောင်းအရွှေ့မပိတ်မီ ဂျူဗင်တပ်အသင်းသို့ အငှားဖြင့်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ယင်းကိုလံဘီယာကစားသမားအနေဖြင့် ပုံမှန်ခြေစွမ်းပြန်ရပြီး ၂၀၁၃ တွင် မန်စီးတီးမှ ဂျူဗင်တပ်သို့ပြောင်းလာခဲ့သည့် တိဗက်ဇ်ကဲ့သို့ စွမ်း ဆောင်နိုင်လိမ့်မည်ဟု မာရော့တာက မျှော်လင့်နေသည်။

"ကွာဒရာဒိုရောက်လာမှုကို တိဗက်ဇ်၊ ပီယာလိုတို့ရောက်ရှိလာပြီးခြေစွမ်းပြခဲ့မှုနဲ့ နှိုင်းယှဉ်လိုပါတယ်"ဟု မာရော့တာက ကော်ရီယာဒယ်လိုစပို့ သို့ပြောသည်။

ပြိုင်ဘက်အင်တာမီလန်အသင်းထံမှ ဟာနန်နက်စ်ကိုခေါ်နိုင်ခဲ့သည့်အတွက်လည်း ကျေနပ်ပျှော်ရွှင်မိသည်ဟု မာရော့တာက ဆိုသည်။

"အဲဒီဘရာဇီးကစားသမားကိုရနိုင်တယ်လို့ကြားပြီးနောက် အင်တာမီလန်တာဝန်ရှိသူတွေနဲ့ဆက်သွယ်ပြီး အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ခေါ်နိုင်ခဲ့တယ်။ အသင်းနှစ်သင်းနှစ် သင်းကြားဆက်ဆံရေး ကကောင်းပါတယ်။ ဒါကြောင့်အင်တာမီလန်ဟာ ဂျူဗင်တပ်ကိုဘယ်ကစားသမားမှ မရောင်းချင်ဘူးဆိုတာတွေက ကောလာဟလတွေသာဖြစ်ပါတယ်။

အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အင်တာတို့ခြေလှမ်းသွက်ခဲ့ပေမယ့် ကျွန်တော်တို့မှာလည်း အရင်နှစ်တွေတုန်းကခေါ်ထားတဲ့ ကစားသမားတွေကို ကျောရိုးပြုထားပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ချန်ပီယံလိဂ် ကလွဲ လို့ ကျွန်တော်တို့ဖလားအားလုံးရခဲ့ပါတယ်။ အဲဒီအချက်က မနှစ်ကထက်ပိုကောင်းစေဖို့ ခွန်အားတစ်ခုဖြစ်လာပါလိမ့်မယ်"ဟု မာရော့တာက ဆိုသည်။

စီးရီးအေချန်ပီယံငါးကြိမ်ဆက်ရအောင် ကြိုးစားရမည်ဖြစ်သော်လည်း နည်းပြ အယ်လီဂရီ၏ ဂျူဗင်တပ်အသင်းမှာ စီးရီးအေသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ရာသီအဖွင့်နှစ်ပွဲဆက်ရှုံးခဲ့ရသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly