တေးရေး သဟာအောင်နဲ့ တေးသံရှင် သီတာသိမ့်တို့ရဲ့ တေးစီးရီးများ မိတ်ဆက်

.

ရန်ကုန်။ စက်တင်ဘာ ၄ ။         ။ ရော့စ်သီချင်းတွေကို အဓိကထားသီဆိုခဲ့တဲ့ တေးရေး သဟာအောင် ရဲ့ ပထမဆုံးတေးစီးရီးဖြစ်တဲ့ ဟောကြည့်ပါ ဆိုတဲ့တေးစီးရီးနဲ့ မြန်မာသံစဉ်တေးသီချင်းတွေနဲ့ ၆ခွေမြောက်ထွက်ရှိလာတဲ့ တေးသံရှင် သီတာသိမ့်ရဲ့ ခဏခဏချော့ တေးစီးရီး နှစ်ခုမိတ်ဆက်ပွဲကို စက်တင်ဘာလ ၄ရက်နေ့က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

ဟောကြည့်ပါ တေးစီးရီးထဲမှာ စုစုပေါင်း တေးသီချင်း ၁၃ပုဒ်ပါဝင်မှာဖြစ်ပြီး သီချင်းတစ်ခွေလုံးကို သဟာအောင်က ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့တယ်လို့ သိရပါတယ်။ဒီအခွေထွက်ဖို့အတွက် ၁နှစ်လောက်ကြိုးစားခဲ့ရတယ်လို့ တေးရေးတေးဆို သဟာအောင်ကဆိုပါတယ်။

တေးသံရှင်သီတာသိမ့်ရဲ့ တေးစီးရီးမှာတော့ စုံတွဲသီချင်းတွေပါဝင်ပြီး တေးသံရှင်များ အဖြစ် မနော၊ သဟာအောင်တို့က ပါဝင်သီဆိုထားပါတယ်။ ဒီစီးရီးကိုလည်း တေးရေး သဟာအောင်ကပဲ ရေးသားပေး ထားတာဖြစ်ပါတယ်။

မြန်မာတေးသီချင်းအေးအေးတွေပါဝင်တဲ့ တေးသံရှင်သီတာသိမ့်ရဲ့ တေးစီးရီးထဲမှာ တေးသီချင်း ၁၁ပုဒ် ပါဝင်မှာဖြစ်ပြီး ခဏခဏချော့ တေးစီးရီးကို အောက်တိုဘာလ ၁၅ရက်နေ့ မှ ထွက်ရှိမှာလည်းဖြစ်ပါတယ်။

အဆိုပါ တေးစီးရီးများကို မန်းသီရိတေးသံသွင်းက ထုတ်လုပ်ဖြန့်ချိမယ်လို့ သိရပါတယ်။