ဟစ်တလာနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်တဲ့ ဒူတာတေး လာရောက်တာကို အစ္စရေး တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

.

ဂျေရုဆလင်၊ စက်တင်ဘာ ၄ ။              ။ နာဇီခေါင်းဆောင် ဟစ်တလာနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ထားဖူးတဲ့ ဖိလစ်ပိုင် သမ္မတ ဒူတာတေး အစ္စရေးနိုင်ငံကို လာရောက်လည်ပတ်တာကို တက်ကြွလှုပ်ရှားသူတွေက ဆန့်ကျင်ဆန္ဒပြကြပါတယ်။
 
ဂျူးတွေကို ရှင်းလင်းသုတ်သင်တဲ့ ကာလ အထိမ်းအမှတ်မှာ လာရောက်တာဖြစ်တဲ့ ဒူတာတေးဟာ သမိုင်းမှာ အဆိုးဝါးဆုံး အချိန်တွေကို သင်ခန်းစာယူသင့်တယ်လို့လည်း ဆိုပါတယ်။

လေးရက်ကြာ အစ္စရေး ခရီးစဉ်မှာ အငြင်းပွားဖွယ် ခေါင်းဆောင်ဒူတာတေးဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ တွေ့ဆုံခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှုတွေနဲ့ အခြားသော နယ်ပယ်ကဏ္ဍာတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။

ဂျေရုဆလင်က ဂျုးတွေ သုတ်သင်ခံရတဲ့ အောင်းမေ့ဖွယ် အထိမ်းအမှတ်ကို နိုင်ငံ့ခေါင်းဆောင်တွေက လေးစားသမူနဲ့ လာရောက်ကြတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်  သမ္မတ ဒူတာတေးရဲ့ ဟစ်တလာနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ထားတဲ့ မှတ်ချက်စကားနဲ့ လူသေဆုံးမှုများတဲ့ မူးယစ်နှိမ်နင်းရေး စစ်ပွဲလို အခြားသော အငြင်းပွားဖွယ် လုပ်ရပ်တွေကြောင့် ခုလို ဆန့်ကျင်မှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ဒူတာတေးဟာ ဟစ်တလာနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။