ရုရှမှာ ပင်စင်သက် တိုးတာကို ထောင်ပေါင်းများစွာ ပြည်သူတွေ ဆန့်ကျင် ဆန္ဒပြ

.

မော်စကို၊ စက်တင်ဘာ ၄ ။           ။ ရုရှအစိုးရက ပင်စင်သက် တိုးမြှင့်ဖို့ စီစဉ်နေတာကို ရုရှပြည်သူထောင်ပေါင်းများစွာဟာ မော်စကိုမြို့တော်နဲ့ အခြားမြို့တွေမှာ ဆန္ဒပြပြီး ကန့်ကွက်ကြပါတယ်။

ရုရှကွန်မြူနစ်ပါတီနဲ့ အခြား လက်ဝဲယိမ်းအဖွဲ့အစည်းတွေရဲ့ ဆော်သြမှုနောက်ပိုင်းမှာ ခုလို ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

သမ္မတ ဗလာဒီမာပူတင်က ပင်စင်ပြုပြင်ပြောင်းလဲမှုတွေကို ဖြေလျှော့မှုတွေနဲ့အတူ သြဂုတ် ၂၉ ရက်က အဆိုပြုလာတာ ဖြစ်ပါတယ်။

ပင်စင်သက်ကို အမျိုးသမီးတွေမှာ လက်ရှိ ၅၅ နှစ်ကနေ ပထမအဆိုပြုထားတဲ့ ၆၃ နှစ်အစား အသက် ၆၀ ကို ပူတင်က အဆိုပြုလာခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားတွေအတွက်ကတော့ ပင်စင်သက်ကို မပြောင်းမလဲဘဲ အသက် ၆၀ ကနေ အသက် ၆၅ နှစ်ကို တိုးမြှင့်ခဲ့တာပါ။

ဆိုရှယ်လစ်စနစ်ကို ပြန်လည်ထိန်းသိမ်းခြင်းက ရုရှကို ကယ်တင်ခြင်းဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ သမ္မတ ပူတင်ကို တိုက်ရိုက်ဝေဖန်ပြောဆိုကြပါတယ်။

ကွန်မြူနစ်ပါတီ အကြီးအကဲ ဂန်နက်ဒီဇိုင်ယုဂါနော့ဗ်ကလည်း “အစိုးရကို ယုံကြည်မှုမရှိကြောင်းနဲ့ ပင်စင်ပြုပြင်ပြောင်းလဲမှု အတည်မပြုသင့်ကြောင်း” ဆန္ဒပြသူတွေကို မိန့်ခွန်းပြောခဲ့ပါတယ်။