စပိန်က နွားရိုင်းလွှတ်ပွဲတော်မှာ လူ ကိုးဦး ဒဏ်ရာရ

.

မက်ဒရစ်၊ စက်တင်ဘာ ၄ ။               ။ စပိန်နိုင်ငံ မြို့တော် မက်ဒရစ် မြောက်ပိုင်းမှာ ပြုလုပ်တဲ့ နွားရိုင်းလွှတ်ပွဲတော်မှာ လူ ကိုးဦး ဒဏ်ရာရခဲ့ပြီး ပွဲတော် ပြီးဆုံးပါတယ်။

ဒဏ်ရာရတဲ့ လူကိုးဦးဟာ အခြေအနေ မစိုးရိမ်ရကြောင်း သိရပါတယ်။

ခြောက်ရက်တာ ကျင်းပတဲ့ ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲသူပေါင်း ၁၇၀၀ နီးပါးရှိခဲ့ပါတယ်။ နွားရိုင်းလွှတ်ပွဲတော်ရဲ့ ကြာချိန်ကတော့ တစ်မိနစ်နဲ့ သုံးဆယ့်ခြောက် စက္ကန့်ရှိပြီး ဒီအတောအတွင်း လူကိုးဦး ဒဏ်ရာရခဲ့တာလို့ မြို့ပြကာကွယ်ရေးညှိနှိုင်းရေးမှူး ပီဒရိုက ဆိုပါတယ်။

ဒီ နွားရိုင်းလွှတ်ပွဲတော်ကို ပမ်ပလိုနာချီနာလို့လည်း ခေါ်ပြီး စပိန်နိုင်ငံအတွက် အထင်ကရပွဲတော်တွေထဲက တစ်ခုဖြစ်လို့ နိုင်ငံတကာ အသိအမှတ်ပြု ပွဲတော်တစ်ရပ်လည်း ဖြစ်ပါတယ်။