OPPO F9 စမတ်ဖုန်းသစ်ကို အထူးလက်ဆောင်နှင့် တယ်လီနော ဒေတာပက်ကေ့ခ်ျ ၁နှစ်စာ ရယူနိုင်ရန် Pre-order ကြိုတင်မှာယူပြီး စက်တင်ဘာလ ၈ရက်တွင် စတင်ထုတ်ယူနိုင်မည်

.

 

OPPO Myanmar က ပြီးခဲ့သည့် သြဂုတ်လ ၃ဝရက်နေ့က တရားဝင်အခမ်းအနားဖြင့် မိတ်ဆက်ကြေညာပေးလိုက်သည့် OPPO F9 စမတ်ဖုန်းသစ်အတွက် ကြိုတင်အမှာများကို သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၆ရက်အထိ လုပ်ဆောင်နိုင်ပြီး အဆိုပါကာလအတွင်း F9ဖုန်းမှာယူသူများအနေဖြင့် တစ်နိုင်ငံလုံးသို့စတင်ရောင်းချမည့် စက်တင်ဘာလ ၈ရက်နေ့တွင် မှာ ယူထားသည့်သက်ဆိုင်ရာ OPPO အရောင်းဆိုင်များတွင်သွားရောက်ထုတ်ယူပါက OPPO အမှတ်တံဆိပ်ပါ ၃ဝ,ဝဝဝ ကျပ် တန် ကျောပိုးအိတ်တစ်လုံးကို လက်ဆောင်အဖြစ်ရယူနိုင်မည်ဖြစ်သည်။ စက်တင်ဘာလ ၈ရက်နေ့ကျော်လွန်မှဝယ်ယူသူ များအနေဖြင့် OPPO မှ စီစဉ်ပေးထားသည့် Gift Set လက်ဆောင်တစ်ခုကို ရရှိနိုင်မည်ဖြစ်သည်။ OPPO F9 ၏ဈေးနှုန်းမှာ ၃၉၉,၉ဝဝ ကျပ်ဖြစ်ပြီး Sunrise Red နှင့် Twilight Blue ၂မျိုးကို မိမိနှစ်သက်သလို ဝယ်ယူနိုင်မည်ဖြစ်သည်။

OPPO အနေဖြင့် ယခု OPPO F9 ထုတ်ကုန်သစ်အတွက် သုံးစွဲသူများအား အထူးဒေတာပက်ကေ့ခ်ျများပေးအပ်နိုင်စေရန် တယ်လီနောမြန်မာနှင့်လက်တွဲပူးပေါင်းထားသည်။ OPPO F9 သုံးစွဲသူမှ တစ်လလျှင် ဖုန်းဘေလ် ၅,ဝဝဝ ကျပ်ဖြည့်သွင်း ရုံဖြင့် 1GB အင်တာနက်ဒေတာကိုရရှိနိုင်မည်ဖြစ်ပြီး တစ်လအတွင်း ဒုတိယအကြိမ်မြောက် ဖုန်းဘေလ် ၅,ဝဝဝ ကျပ်ထပ်မံ ဖြည့်သွင်းပါက နောက်ထပ် 1GB အင်တာနက်ဒေတာကို ဆက်လက်ခံစားခွင့်ရရှိစေမည်ဖြစ်သည်။ ယခုခံစားခွင့်သက်တမ်း မှာ တစ်နှစ်တိတိရရှိစေမည်ဖြစ်သည့်အတွက် OPPO F9 သုံးစွဲသူများအနေဖြင့် စုစုပေါင်း ရရှိခံစားနိုင်မည့် အင်တာနက်ဒေ တာပမာဏမှာ 24GB အထိရှိစေမည်ဖြစ်သည်။ OPPO Myanmar နှင့် တယ်လီနောမြန်မာတို့ ယခုကဲ့သို့လက်တွဲပူးပေါင်း  ဆောင်ရွက်ခြင်းကြောင့် OPPO F9 စမတ်ဖုန်းသုံးစွဲသူများအနေဖြင့် တယ်လီနော၏အကောင်းမွန်ဆုံး ကွန်ရက်အသုံးပြုမှု အတွေ့အကြုံနှင့် OPPO ၏ထူးခြားဆန်းသစ်သည့် စမတ်ဖုန်းအသုံးပြုမှုအတွေ့အကြုံများကို တစ်ပြိုင်နက်တည်း ထိတွေ့ အသုံးပြုနိုင်စေမည်ဖြစ်သည်။

OPPO F9 တွင် ၆.၃လက်မအရွယ်ရှိ FullHD+ 1080x2340 pixels ရုပ်ထွက်အရည်အသွေးထောက်ပံ့ထားသည့် ရေစက်ပုံစံ မျက်နှာပြင်ဒီဇိုင်းကိုအသုံးပြုပေးထားပြီး ကောင်းမွန်သည့်ဓာတ်ပုံများနှင့် အလှ Portrait ပုံများရိုက်ယူနိုင်စေရန် 16MP+2MP ကင်မရာ၂လုံးကို ဖုန်းနောက်ဘက်တွင်တပ်ဆင်ပေးထားသည်။ Selfie ရိုက်ကူးမှုအတွက် အဆင့်မြှင့်တင်ထား  သော AI 2.1 version ထောက်ပံ့ထားသည့် 25MP အရည်အသွေးရှိကင်မရာကိုအသုံးပြုထားသည်။ ဒီဇိုင်းပိုင်းတွင် ပိုမိုဆွဲဆောင်မှုရှိသည့် ၂ရောင်စပ် Gradient Colour ကိုအသုံးပြုထားပြီး ဘေးဘောင်များအတွက်ပါ ထူးခြားသည့် Spraying Technology ကိုပါအသုံးပြုပေးထားသည်။ OPPO F9 တွင် “၅မိနစ်အားသွင်း၊ ၂နာရီဖုန်းပြော” ဆောင်ပုဒ်ကို  ဖြည့်ဆည်းပေးမည့် VOOC Flash Charge အမြန်အားသွင်းနည်းပညာထောက်ပံ့ပေးထားသည်။ ဖုန်းလုံခြုံမှုအတွက် အလွှာ ၅လွှာဖြင့် ကာကွယ်ပေးထားသည့်အတွက် အမြင့်ဆုံးအဆင့်အထိ ဖုန်းအားသွင်းမှုကိုကာကွယ်ပေးထားနိုင်မည်ဖြစ်သည်။ RAM 4GB နှင့် ROM 64GB ပါဝင်ပြီး SIM ကဒ် ၂ကဒ်နှင့်အတူ SD ကဒ်ကိုပါ 256GB အထိတပ်တိုးအသုံးပြုနိုင်စေမည်ဖြစ် သည်။ Octa-core 2.0 GHz မြန်နှုန်းရှိ Helio P60 Chipset ကိုအသုံးပြုပေးထားပြီး ပိုမိုကြာရှည်ခံစေမည့် 3500mAh battery အမျိုးအစားကိုအသုံးပြုပေးထားသည်။ Android OS 8.1 ကိုအခြေခံထားသည့် OPPO ၏ ColorOS 5.2 version အသစ်ကြောင့် ဖုန်း battery သက်တမ်းနှင့် မြန်ဆန်သွက်လက်မှုကို ပိုမိုရရှိစေဦးမည်ဖြစ်သည်။