ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန် ပြည်တွင်းသို့ ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်ရန်အကောင်းဆုံးအချိန်ဖြစ်ဟုဆို

.

စက်တင်ဘာ ၃ ။              ။ ကမ္ဘာ့စီးပွားရေးသည် (Trade War) ဖြစ်နေသည့် အနေအထားကြောင့် ပြည်တွင်းသို့ ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာအောင် ဖိတ်ခေါ်ရန်အကောင်းဆုံးအချိန်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုး ကပြောသည်။

"Trade War ဖြစ်တယ်။ စီးပွားရေးကျဆင်းမှုတွေဖြစ်တယ်။ စီးပွားရေးကျဆင်းလို့ Investment ကိုဖိတ်ခေါ် တယ်။ Trade War ဖြစ်တယ် ပြည်တွင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ကျပ်ငွေက တန်ဖိုးကျသွားတယ်။ ဒါဆိုရင် ဒီအချိန်ဟာ ကျွန်တော်တို့အတွက် Investment လုပ်လို့အကောင်းဆုံးအချိန်ပဲလေ။ ဒေါ်လာနဲ့ဝင်လာတော့ ကျပ်ငွေပိုရတာကို အဲဒီတော့ Investment လုပ်လို့ ကောင်းပါတယ်" ဟု ဦးဝေဖြိုး ကပြောသည်။

ပြည်တွင်းသို့ ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာလျှင် ပြည်တွင်းထွက်ကုန်များအဖြစ်ပြောင်းလဲလာပြီး ပြည်ပသို့ပြန်လည်တင်ပို့နိုင်လျှင် ဒေါ်လာဈေးနှုန်းများလည်း တည်ငြိမ်လာနိုင်ပြီး ထုတ်လုပ်မှုကဏ္ဍများလည်း တိုးတက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ချို့က သုံးသပ်သည်။

အိမ်ခြံမြေကဏ္ဍများတွင်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဝင်ရောက်လာလျှင် ပြည်တွင်းရှိ အိမ်ခြံမြေလုပ်ငန်းရှင် များကြုံတွေ့နေရသည့် အခက်အခဲအချို့လည်း ပြေလည်သွားနိုင်ကြောင်း သိရသည်။

"အိမ်ရာမှာ Foreign Investor တွေဝင်လာတယ်ဆိုရင် အိမ်ရာမှာ လောလောဆယ်အရောင်းကျတာပဲဖြစ်ဖြစ် ရောင်းမထွက်တာပဲဖြစ်ဖြစ် အကြွေးအခက်အခဲဖြစ်တာတွေ အဲ့ဒါတွေက ပြေလည်သွားနိုင်တယ်။ အိမ်ရာက အ ရမ်းအရေးအကြီးတယ်။ သူ့ထဲမှာ အလုပ်လုပ်နေတဲ့အလုပ်သမားတွေက အများကြီးရှိတယ်။ အဲဒီကဏ္ဍတိုး တက်လေလေ လူတွေပိုပြီးအလုပ်ရလေလေဖြစ်တယ်။ ကျွန်တော်တို့ဘက်က Promote လုပ်လိုက်လို့ အိမ်ယာ မှာလည်း Investment တွေဝင်လာမယ်ဆိုရင် အများကြီးကောင်းသွားနိုင်တယ်" ဟု ဦးဝေဖြိုး က ဆက် ပြောသည်။

ကမ္ဘာ့၌ဖြစ်ပေါ်နေသော (Trade War) သည် မြန်မာနိုင်ငံသို့လည်းရိုက်ခတ်မှုရှိပြီး ပြည်တွင်းကျပ်ငွေတန်ဖိုး များကျဆင်းကာ စီးပွားရေးလုပ်ငန်းများလုပ်ငန်ကိုင်ရာတွင် အခက်အခဲအချို့နှင့် ကြုံတွေ့နေရသည်။ ထို့ ကြောင့် ပြည်တွင်းစီးပွားရေးတိုးတက်လာအောင် ကောင်းမွန်သည့်ဘက်မှ လုပ်ဆောင်သွားရန်လိုအပ်ကြောင်း သိရသည်။

လက်ရှိ ၂၀၁၈ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၅ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ခြင်းတို့မှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၃၀၉ ဒဿမ ၂၇၂ သန်း (၁ ဒဿမ ၃ ဘီလီယံကျော်)၊ အထူးစီးပွားရေးဇုန်တွင် ကန်ဒေါ်လာ ၁၇၁ ဒဿမ ၁၀၀ သန်း ၀င်ရောက်မှုများ ရှိကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက သိရသည်။

ပြည်တွင်းသို့ ရင်နှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန်အတွက် (UMFCCI) ဦးဆောင်ပြီး Invest Myanmar Summit 2019 ကို နေပြည်တော်တွင် ၂၀၁၉ခုနှစ် ဇန်န၀ါရီ ၈ရက်နှင့် ၉ရက်၌ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတ ကာမှ ရင်းနှီးမြုပ်နှံမည့် လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။