ထေးဇန်ရဲ့ နေရာလေးတစ်ခု တေးစီးရီးမိတ်ဆက်

.

ရန်ကုန်၊ စက်တင်ဘာ ၃ ။         ။ တေးရေး၊ တေးဆို ထေးဇန်ရဲ့ နေရာလေးတစ်ခုလို့ နာမည်ပေးထားတဲ့ တစ်ကိုယ်တော်တေးစီးရီးခွေကို ရန်ကုန်မြို့ရှိ  အော့ခစ်ဟိုတယ်မှာ စက်တင်ဘာ ၃ ရက်နေ့က အခမ်းအနားပြုလုပ်ပြီး စတင် မိတ်ဆက် လိုက်ပါတယ်။

ဒီအခွေကို စက်တင်ဘာ ၇ ရက်နေ့ကစတင်ပြီး မြန်မာမြူးဇစ်နက်ဝပ် ကတစ်ဆင့် တစ်နိုင်ငံလုံးကို ဖြန့်ချိ သွားမှာလို့သိရပါတယ်။

“ နယ်ပယ်အသီးသီးမှာ ဘယ်နယ်ပယ်ပဲဖြစ်ဖြစ်ပေါ့ နေရာလေးတစ်ခုဆိုတာ လူတိုင်းအတွက် အရေးကြီး ပါတယ်။ တေးရေး၊ တေးဆိုတင်မကဘဲ တခြားလုပ်ငန်းတိုင်းမှာပေါ့။  နေရာလေးတစ်ခုဆိုတာ လူတိုင်းအတွက် အရေးကြီးတယ်။ ဒါကြောင့်မို့လို့ ဂီတရပ်ဝန်းမှာနေရာလေးတစ်ခုရချင်ပါတယ်။ ဒါကြောင့် နေရာလေးတစ်ခု ဆိုပြီး ပေးခဲ့တာဖြစ်ပါတယ်”လို့ တေးဆို ထေးဇန်က ပြောပါတယ်။

တေးဆို ထေးဇန်ရဲ့ နေရာလေးတစ်ခုတေးစီးရီးမှာ သီချင်း ၁၀ ပုဒ်ပါဝင်ပြီး ၆ ပုဒ်ကိုတော့ သူကိုယ်တိုင် ရေးစပ်ထားတာဖြစ်ပါတယ်။အဆိုပါ စီးရီးမှာ Pop နဲ့ Rap သီချင်းအများစုပါဝင်ပြီး တေးရေး သောင်းလှိုင်၊ ရော်ဘင်နဲ့ လင်းထူးတို့ရေးသားထားတဲ့ သီချင်းတွေလည်း ပါဝင်ပါတယ်။