လစ်ဗျား အကျဉ်းထောင်တစ်ခုကနေ ထောင်သား ၄၀၀ ခန့် ထွက်ပြေးလွတ်မြောက်

.

စက်တင်ဘာ ၃ ။        ။ လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီ ရဲ့ တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ရှိတဲ့ အကျဉ်းထောင်တစ်ခုမှာ စက်တင်ဘာ ၂ ရက်က ဆူပူအုံကြွမှုတစ်ခုဖြစ်ပြီး အကျဉ်းသား ၄၀၀ လောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါဟာ နိုင်ငံမှာ သီတင်းတစ်ပတ်ကြာ လူအသေအပျောက်များတဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကာလအတွင်း ယခုလို ထောင်သားတွေ အစုလိုက်အပြုံလိုက် လွတ်မြောက်သွားတဲ့ ဖြစ်စဉ်တစ်ခုပါ ထပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

" ခုဖြစ်သွားတာက Ain Zara ထောင်အနားမှာ ရန်ဘက် လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့အကြား တိုက်ပွဲဖြစ်တော့ ထောင်ထဲက အကျဉ်းသားတွေကလည်း တံခါးတွေ ရိုက်ဖျက်ပြီး ထွက်ပြေးသွားကုန်ကြတာပါ" ဆိုပြီး လစ်ဗျားရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ယင်းလိုမျိုး ထောင်သားတွေ ထွက်ပြေးမှုကို ထောင်အစောင့်တွေကလည်း ဟန့်တားနိုင်ခဲ့ခြင်း မရှိကြောင်းလည်း သိရပါတယ်။

ယင်း အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားအများစုကတော့ ပုံမှန် အမှုအခင်းတွေ ကျူးလွန်လို့ ထောင်ကျနေသူတွေ ဒါမှမဟုတ် ယခင်အာဏာရှင်ဟောင်း ကဒါဖီကို ထောက်ခံသူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

 

Tags: