မန္တလေးတွင် မီးပလပ်ခုံ အပူလွန်ကဲရာကနေ နေအိမ် ၅လုံး မီးလောင်ဆုံးရှုံး

.

မန္တလေး၊ စက်တင်ဘာ ၂ ။           ။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၄)ရပ်ကွက်၊ ၆၂ လမ်း နှင့် ၆၃ လမ်းကြား၊ ကံ့ကော်လမ်းနှင့် သံလမ်း ကြားမှာ စက်တင်ဘာ၂ ရက် နံနက် ၃ နာရီ နာရီ၊ ၅၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၅လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

အိမ်အမှတ်(၁၈/က) ဦးခင်မောင်သိန်း၊ အသက်(၅၄)နှစ် ပိုင်ဆိုင်တဲ့ (၂၀ ပေ × ၃၀ ပေ)ရှိ ထရံကာ၊ သွပ်မိုး၊ နှစ်ထပ် နေအိမ်အပေါ်ထပ်ရှိ မီးပလပ်ခုံ အပူလွန်ကဲရာကနေ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် (၂၀ ပေ × ၃၀ ပေ) သွပ်မိုး ထရံကာ၊ နှစ်ထပ် နေအိမ်(၁)လုံး၊ (၂၀ ပေ × ၁၅ ပေ)သွပ်မိုး ထရံကာ၊ နှစ်ထပ်၊ နေအိမ်(၁)လုံး၊ (၂၀ ပေ × ၃၀ ပေ)ရှိ သွပ်မိုး ထရံကာ၊ မြေစိုက်နေအိမ် (၁) လုံး၊ (၃၀ ပေ × ၄၀ ပေ)ရှိ သွပ်မိုး ထရံကာ မြေစိုက်ဂိုဒေါင်(၁)လုံး၊ စုစုပေါင်းနေအိမ်(၅)လုံး မီးလောင်ကျွမ်းခဲ့ကာ ငွေကျပ်တန်ဖိုး ၂၃ဝဝဝဝဝခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ မီးဘေးသင့်သွားခဲ့သူတွေကို ရပ်ကွက် ဓမ္မာရုံမှာ ခေတ္တနေရာချထားပေးထားပြီး မီးစတင် လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးခင်မောင်သိန်းကို အမှတ်(၁၁) နယ်မြေရဲစခန်းက (ပ)၃၆၁/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။