ဆယ်ကျော်သက်လူငယ်တွေကို အထူးဆွဲဆောင်နေလျက်ရှိတဲ့ ရှန်ဟိုင်းမြို့က “ဥ” ဂေဟာ

.

စက်တင်ဘာ ၂ ။           ။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က ထူးခြားတဲ့ “ဥ” ဂေဟာ (Egg House) ကတော့ ဆယ်ကျော်သက် လူငယ်တွေကို အထူးဆွဲဆောင်နေလျက်ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

ယင်း ဂေဟာတွင်းမှာတော့ ဖွဲ့စည်းပုံတိုင်း အားလုံးလိုလိုကို “ဥ” နဲ့တူတဲ့ ပုံစံတွေနဲ့ အမြင်ဆန်းအောင် ဖွဲ့စည်းထားရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် “ဥ” ချစ်တတ်သူတွေနဲ့ ဆယ်လ်ဖီ ဆွဲ ၀ါသနာ ပါသူတွေအကြိုက် လာရောက်လည်ပတ်ကြည့်ရှုနိုင်မယ့် နေရာတစ်ခုလည်း ဖြစ်နေပါတယ်။

ယခုလို “ဥ” ပုံစံ ခင်းကျင်းထားရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကြက်ဥလေးတွေရဲ့ ချစ်စဖွယ် အသွင်အပြင်ကို ကမ္ဘာတစ်ဝှမ်း ဝေမျှပေးလိုခြင်းနဲ့အတူ မြို့တွင်းက မွမ်းကျပ်မှုတွေကနေ ခေတ္တခဏလွတ်မြောက်စေနိုင်အောင်လို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ရှန်ဟိုင်းမြို့  ရှော့ပင်းမောလ် တစ်ခု တတိယထပ်မှာ တည်ရှိတဲ့ ယင်း “ဥ” ဂေဟာကတော့ တရုတ်ဖန်တီးမှုပညာရှင် Xu Biubiu ရဲ့လက်ရာဖြစ်ပြီး ဒါဟာ သူမရဲ့ ဒုတိယမြောက် ဖန်တီးမှုလည်း ဖြစ်ကြောင်း သိရပါတယ်။

ပထမ ဖန်တီးမှုကိုတော့ နယူးယော့ခ်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ထပ်လည်း လော့စ်အိန်ဂျလိစ်မှာ ခုလိုမျိုး ထပ်မံ ဖန်တီးသွားဦးမယ်လို့ သိရပါတယ်။