NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

လူမိုက်ဂိုဏ်းစတားဘ၀ကနေ လွှတ်တော်အမတ် ဖြစ်လာသူ

.

မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၁ ။           ။ ဒဏ္ဍာရီလာ ဖီးနစ်ငှက်လိုပဲ ပြာပုံထဲကနေ ဘ၀သစ်ရှင်သန်လာခဲ့တဲ့အကြောင်းကို လူမိုက်ဂိုဏ်းစတားတစ်ဦးအဖြစ်က လွှတ်တော်အမတ် ဖြစ်လာတဲ့ ပီဒရိုကာရီဇေးက ပြန်ပြောင်းပြောဆိုပါတယ်။

အသက် ၃၉ နှစ်ရှိတဲ့ ကာရီဇေးဟာ နိုင်ငံရေးစည်းအပြင်ကလူ တစ်ဦးဖြစ်ခဲ့ပြီး မက္ကဆီကိုက ရွေးကောက်ခံသမ္မတ အင်ဒရီမန်နျူရယ်လိုပက်ဇ်အိုဘရာဒေါရဲ့ မော်ရီနာပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရလို့ လွှတ်တော်အမတ် ဖြစ်လာခဲ့သူပါ။

လမ်းပေါ်နာမည် အယ်မီဂျက်စ်လို့ အသိများတဲ့ ကာရီဇေးဟာ မက္ကဆီကိုရဲ့ နိုင်ငံရေးမြင်ကွင်းသစ်အဖြစ် သင်္ကေတသဖွယ် ဖြစ်နေပါတယ်။

ခန္ဓာကိုယ်မှာ ၀ဲနာတွေရယ်၊ တက်တူးတွေရယ် အပြည့်နဲ့ ကာရီဇေးဟာဆိုရင် ဇူလိုင် ၁ ရက်မှာ ရွေးကောက်ပွဲအနိုင်ရတဲ့ မက္ကဆီကိုမြို့တော်ဝန်ဟောင်း အိုဘရာဒေါရဲ့ ဒီဇင်ဘာ ၁ ရက်မှာ သမ္မတ ရာထူးလက်ခံတဲ့အခါ မက္ကဆီကိုမှာ ခေတ်သစ်ဒီမိုကရေစီ ထွန်းကားစေမယ်လို့ ပြောပါတယ်။

သုံးကြိမ်မြောက် ယှဉ်ပြိုင်မှုမှာ အနိုင်ရတဲ့ အိုဘရာဒေါဟာ တစ်သမတ်တည်းကျပြီး ဇွဲရှိတဲ့လူတစ်ဦးဖြစ်တယ်လို့ ကာရာဇေးက ဆိုပါတယ်။

ဒီအပြင်လည်း ကာရာဇေးဟာ သူအတိတ်က မူးယစ်ဆေးစွဲခဲ့တာ ဂိုဏ်းစတားလူမိုက်ဖြစ်ခဲ့တာတွေကို အသုံးချပြီး အလားတူ ဆင်းရဲမွဲတေသူတွေနဲ့ အကြမ်းဖက်ခံရသူတွေကို ကူညီသွားလိုကြောင်းလည်း ပြောပါတယ်။

“ကျွန်တော်ဟာ ပြာပုံထဲက ထလာတဲ့ ဖီးနစ်ငှက်လိုပါပဲ။ အခြားလမ်းပေါ်ရောက် လူမိုက်တွေ ဘ၀ကို ကယ်တင်ပေးဖို့ ပြာပုံထဲက ပြန်လည်မွေးဖွားလာခဲ့တာပါပဲ။”လို့ ကာရာဇေးက ပြောလိုက်ပါတယ်။