တိုက်ရိုက်ခြေစစ်ပွဲအောင်မည့်အခွင့်ရေးနည်းပါးစေခဲ့၍ ခရိုအေးရှားကစားသမားများကို နည်းပြပြစ်တင်

တိုက်ရိုက်ခြေစစ်ပွဲအောင်မည့်အခွင့်ရေးနည်းပါးစေခဲ့၍ ခရိုအေးရှားကစားသမားများကို နည်းပြပြစ်တင်

စက်တင်ဘာ ၇၊ အော်စလို ။           ။ ယူရို ၂၀၁၆ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်နိုင်မည့်အခွင့်အရေး နည်းပါးစေခဲ့သောကြောင့် ကစားသမားများပေးဆပ်လိုစိတ်နည်းသည်ဟု ခရိုအေးရှားနည်းပြ ကိုဗက်က ပြစ်တင်ပြောဆိုလိုက်သည်။

ခရိုအေးရှားအသင်းသည် အုပ်စု (ဇ)တွင် အဇာဘိုင်ဂျန်နှင့်ဂိုးမရှိသရေ၊ နော်ဝေကို အဝေးကွင်း၌ ၂-၀ ဖြင့်ရှုံးပြီးနောက် ဇယားထိပ်မှ တတိယ နေရာအထိ ဆင်းပေးခဲ့ရသည်။

သို့ဖြစ်ရာကစားသမားများအနေဖြင့် ထိုက်သင့်သည့်စွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့ခြင်းမရှိဟု ကိုဗက်က ပြစ်တင်ပြောဆိုလိုက်ခြင်းဖြစ်သည်။

"အဲဒီရလဒ်တွေအတွက် အကြောင်းပြချက်ကို ကစားသမားတွေကိုပဲ သွားမေးသင့်ပါတယ်။ နည်းပြအဖွဲ့ကကိုယ်တာဝန်ယူထားတဲ့အပိုင်းကို လုပ်ဆောင်ခဲ့ပေမယ့် ကစားသမား ၁၁ ယောက်ကလည်း လုပ်ဖို့လိုပါသေးတယ်။ အသင်းအနေနဲ့ ရာနှုန်ပြည့်ပေးနိုင်ရမယ်။ ကျွန်တော်တို့ အဇာဘိုင်ဂျန်၊ နော်ဝေတို့နဲ့ပွဲတွေမှာ အနိုင်မရခဲ့ဘူး။

လက်ရွေးစင်အသင်းမှာကစားတယ်ဆိုတာ ကလပ်မှာကစားရတာနဲ့မတူပါဘူး။ ကစားသမားတိုင်းအနေနဲ့ ကိုယ်ဒီနေ့ကစားတာ ကောင်း၊မကောင်း ကိုယ့်ကိုယ်ကိုယ်ြ့ပန်မေးခွန်းထုတ်ရမယ်။ နော်ဝေအသင်း အနိုင်နဲ့လုံးဝထိုက်တန်တယ်။ ကျွန်တော်တို့အသင်းက အဆိုးဆုံး ခြေစွမ်းပါပဲ"ဟု ကိုဗက်ကပြောသည်။

အုပ်စု (ဇ)တွင် အီတလီကရမှတ် ၁၈ မှတ်ဖြင့်ဦးဆောင်နေပြီး နော်ဝေက ၁၆ မှတ်ဖြင့်ဒုတိယနေရာရောက်နေသည်။ ၁၅ မှတ်ရထားသော တတိယနေရာမှ ခရိုအေးရှားအသင်းမှာ လက်ကျန်နှစ်ပွဲတွင် ဘူလ်ဂေးရီးယားကို အိမ်ကွင်း၊ မောလ်တာကို အဝေးကွင်း၌ ကစားရမည်ဖြစ် သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly