သုံးခွတွင် သောင်တင်သည့်သင်္ဘောမှာ ဘင်္ဂလားဒေ့ရှ်သို့ သွားမည့် သင်္ဘောဟု ထုတ်ပြန်

.

ဓာတ်ပုံ- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

သြဂုတ် ၃၀ ။          ။ သုံးခွမြို့အနီး သောင်တင်နေသော Sam Ratulangi အမည်ရှိ သဘောင်္မှာ Palau ကျွန်းစု နိုင်ငံမှတ်ပုံတင်ထားသော သင်္ဘောဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ သွားရောက်မည့် သဘောင်္ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်သမ္မတရုံးသို့ လိပ်မူပြီး သြဂုတ်လ ၃၀ ရက် ညပိုင်းက ထုတ်ပြန်ချက် ထုတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါသဘောင်္သည် မြန်မာနိုင်ငံသို့ဝင်ရောက်ရန်မဟုတ်ဘဲ တွဲဆွဲသင်္ဘောဖြင့် ဆွဲယူလာပြီး ဘင်္ဂလားဒေ့ရှ်သို့သွားရောက်မည့်အကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ စင်ကာပူနိုင်ငံရှိ Smith Salvage ကုမ္ပဏီသို့ စုံစမ်းချက်အရ သိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သွားရောက်မည့် အကြောင်းအရင်းအသေးစိတ်ကိုတော့ လတ်တလော မသိရှိရသေးပေ။

သုံးခွမြို့နယ် သမစိတ္တကျေးရွာမှ ရေမိုင် ၇ မိုင်ခန့်အကွာတွင် သောင်တင်နေသည်ကို ဖေ့ဘွတ်မှတဆင့် သိရှိရသောကြောင့် ဓာတ်ပုံပါကုမ္ပဏီအချက်အလက်များကို IMO website တွင် စုံစမ်းခဲ့သည်ဟု ဖော်ပြထားသည်။

သင်္ဘောတွင် ကုန်နှင့်ဆီများ၊ သင်္ဘောသားများ မတွေ့ရှိရဘဲ သြဂုတ်လ ၂၇ ရက်က ရာသီဥတုဆိုးဝါးခြင်းကြောင့် သောင်တင်သည်ဟု ယူဆရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သင်္ဘောနှင့်အချက်အလက်များအတည်ပြုပြီးပါက သက်ဆိုင်ရာရေကြောင်းအဖွဲ့အစည်းနှင့်သင်္ဘောပိုင်ရှင်တို့အား အကြောင်းကြားသွားမည်ဟု သိရပြီး သင်္ဘောသောင်တင်သည့် အနီးနားတွင် ရေကြောင်းအန္တရာယ်သတိပေးချက် ထုတ်ပြန်သွားမည်ဟု သိရသည်။

IMO ( International Maritime Organization) အချက်အလက်အရ အဆိုပါသင်္ဘောသည် မူလက အင်ဒိုနီးရှားတွင် မှတ်ပုံတင်ထားပြီး ယခုနှစ် ဇူလိုင်လတွင် Palau ကျွန်းစု နိုင်ငံတွင် ပြောင်းလဲမှတ်ပုံတင်ထားသည်။

သဘောင်္ပိုင်ရှင်နှင့်ဆက်သွယ်ရရှိပါက မြန်မာကုန်သည်သင်္ဘောအက်ဥပဒေနှင့်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။