သာမန် mid-range smartphone တွေထက် storage နှစ်ဆပါဝင်တဲ့ Nova 3

.

ဈေးကွက်ထဲက mid-range smartphone တော်တော်များများရဲ့ storage ဟာ 64 GB အထိသာပါဝင်ပေမယ့် ယခုအသစ်ထွက်ရှိထားတဲ့ Huawei Nova 3 smartphone ရဲ့ storage ဟာ 128 GB အထိပါဝင်တဲ့အတွက် ပေးရတယ့်ဈေးထက် တန်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ လှပတယ့် ဒီဇိုင်းနဲ့ ရွေးချယ်စရာအရောင်အသွေး စုံလင်မှုအပြင် ယခုလို မယုံကြည်နိုင်စရာကောင်းလောက်အောင် ပါဝင်နေတဲ့ များပြားတဲ့ storage ဟာသုံးစွဲသူတွေကိုဆွဲဆောင်နိုင်မယ့် နောက်ထက် အချက်တစ်ချက်ဖြစ်ပါတယ်။

Mobile gaming ဟာ mobile phone သုံးစွဲသူတော်တော်များများ ကြိုက်နှစ်သက်ပြီးစွဲလမ်းနေကြတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ Game App တွေ download ဆွဲတဲ့အခါမှာ storage မဆန့်ဖြစ်တာ၊ storage ဆန့်ပြန်ရင်လဲ game ဆော့ရင်းထစ်တာ၊ ဖုန်းဟမ်းတာအစရှိတယ့် အခက်အခဲတွေကို ခဏခဏ ကြုံတွေ့ကြရမှာပါ။ Huawei Nova 3 က ယခုခေတ်လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ PUBG နဲ့ Mobile Legend လို MB အရမ်းများတဲ့  game တွေကိုသူငယ်ချင်းတွေနဲ့အတူ အထစ်အငေါ့မရှိအပြိုင်အဆိုင် ဆော့ကစားချင်တဲ့ gamer တွေအတွက်တော့ လုံးဝကိုရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးပါ။

မိန်းကလေးတွေက selfie ဓာတ်ပုံတွေ အလှဓာတ်ပုံတွေ ရိုက်ရတာကြိုက်သလို ယောကျာ်းလေးတွေကလည်း ခရီးသွားမှတ်တမ်းဓာတ်ပုံလေးတွေ ရိုက်ရတာဝါသနာပါတတ်ကြပါတယ်။ ဒီလိုရိုက်ကူးထားတဲ့ ပုံလေးတွေကို အမှတ်တရအနေနဲ့ သိမ်းထားချင်ကြပေမယ့် ဖုန်းတစ်လုံးထဲကိုအကြာကြီးသုံးစွဲတဲ့အခါ ပုံတွေအရမ်းများလာပြီး storage မလောက်တော့တာကြောင့် ဓာတ်ပုံတွေကို နှမြောပေမယ့် ဖျက်လိုက်ရတာမျိုးအားလုံးကြုံဖူးကြမှာပါ။ Nova 3 ကိုအသုံးပြုမယ်ဆိုရင်တော့ သူ့မှာပါတဲ့ အံ့မခန်း storage ကြောင့် အလှဓာတ်ပုံတွေ၊ ခရီးသွားမှတ်တမ်းဓာတ်ပုံတွေ ကိုအမှတ်တရအနေနဲ့ သိမ်းထားချင်ပေမယ့် storage မလောက်တော့လို့ ဖျက်ပစ်ရတဲ့ အဖြစ်မျိုးနဲ့လဲ နောက်ထက် ဘယ်တော့မှ ကြုံရတော့မှာမဟုတ်တော့ပါဘူး။

ရုပ်ရှုင် ဇာတ်လမ်းတွဲတွေ ကြည့်ရှုချင်းကလဲလူငယ်ရောလူကြီးတွေအတွက်ပါ စိတ်အပန်းပြေစေနိုင်ပါတယ်။ ဒါကြောင့် လမ်းသွားရင်းဖြစ်ဖြစ် အားတဲ့အချိန်လေးမှာဘဲဖြစ်ဖြစ် ကိုယ့်ရဲ့ ဖုန်းလေးထဲက video တွေကြည့်တာမျိုး၊ သီချင်းနားထောင်တာမျိုးတွေ လုပ်လေ့ရှိကြပါတယ်။ Nova 3 မှာstorage များများ ပါဝင်တာကြောင့် လူငယ်တွေ အကြိုက် movie တွေ series တွေကို resolution ကောင်းကောင်းနဲ့ download လုပ်ပြီး ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ဖို့အတွက် လုံလောက်ပါတယ်။ ဒါ့အပြင် ကိုယ့်သူငယ်ချင်းအချင်းချင်း video လေးတွေ ဖလှယ်ပြီးကြည့်ချင်ရင်လဲ memory ပြည့်မှာစိတ်မပူရတော့ပါဘူး။

လုပ်ငန်းခွင် ဝင်နေတဲ့သူတွေအတွက် နေ့စဉ်မပြတ်လက်ခံရရှိတဲ့ mail တွေ၊ files တွေနဲ့ download ဆွဲရတဲ့ data တွေကိုသာမန် mid-range ဖုန်းတစ်လုံးအနေနဲ့ လက်ခံသိမ်းဆည်းဖို့ဆိုတာမလွယ်ကူလှပါဘူး။ ဒါပေမယ့် 128 GB ဆိုတဲ့ storage အနေနဲ့တော့ ဒါတွေအားလုံးကိုသိမ်းဆည်းပေးဖို့ဆိုတာသိပ်မခက်ခဲလှပါဘူး။ laptop နဲ့ဝေးကွာနေတဲ့ အချိန်မှာတောင် ဖုန်းတစ်လုံးရှိရုံနဲ့ လုပ်ငန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကိုယ်နဲ့မကွာ ထားရှိသိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။

ယခုလိုများပြားလှတဲ့ storage ကြောင့် ဖုန်းတစ်လုံးထဲမှာဘဲ data တွေ game တွေ ဓာတ်ပုံ၊ video နဲ့ သီချင်းတွေ အကုန်ထည့်ပြီးဖုန်းကိုခဏခဏမလဲလိုဘဲရေရှည်အသုံးပြုလိုတဲ့ သူများအတွက် အထူးသင့်လျော်ပါတယ်။ ဒါကိုမှ အားမရသေးဘူးဆိုရင် micro SD card ကို external storage အနေနဲ့ ထည့်သွင်းပြီး 256 GB အထိ storage ကိုမြှင့်လို့ရပါသေးတယ်ဆိုတော့ အံ့မခန်းစရာပါဘဲ။ ဒါကြောင့် သာမန် smartphone တွေနဲ့မတူတမူထူးခြားပြီး storage နှစ်ဆတောင်ပါဝင်တဲ့ Nova 3 ဟာလူကြီးလူငယ်မရွေးရွေုးခြယ်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

Tags: