တရုတ် မူလတန်းကျောင်းတွေမှာ စက်ရုပ်တွေက ကျောင်းဆရာတွေအဖြစ် တာဝန်ထမ်းနေ

.

သြဂုတ် ၃၀ ။           ။ တရုတ်နိုင်ငံက မူလတန်းကျောင်းတွေမှာတော့ ကျောင်းသားကလေးငယ်လေးတွေကို သင်ကြားပြသပေးဖို့အတွက် စက်ရုပ်ဆရာတွေကို တာဝန်ပေးခိုင်းစေမှုမျိုးတွေ ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။

၆၀ စင်တီမီတာ (၂ ပေ) အမြင့်ရှိတဲ့ Keeko အမည်ရ အလိုအလျောက်စနစ် ချစ်စဖွယ် စက်ရုပ်လေးတွေကို နိုင်ငံမှာရှိတဲ့ မူလတန်းကျောင်းအများအပြားမှာ သင်ကြားရေး တာဝန်တွေ ပေးထားလျက်ရှိပါတယ်။

ယင်း စက်ရုပ်လေးတွေက ကျောင်းသား ကလေးငယ်တွေကို ပုံပြင် ပြောပြတာမျိုး၊ လော့ဂျစ်ပုစ္ဆာတွေကို ကလေးငယ်တွေနဲ့အတူ ကူညီဖြေဆိုတာမျိုးနဲ့အတူ တာဝန်ထမ်းနေကြပြီ ဖြစ်ပါတယ်။

အဆိုပါ စာသင်ကျောင်းတွေမှာတော့ ဥာဏ်စမ်းပုစ္ဆာတွေကို ယင်းသင်ကြားရေးအကူစက်ရုပ်တွေနဲ့ အတူဖြေဆိုရင်းနဲ့ ကလေးငယ်တွေဟာဆိုရင်လည်း အလွန်ပျော်ရွှင်နေကြလျက်ရှိကြောင်း သိရပါတယ်။

Keeko စက်ရုပ်ကတော့ အ၀ိုင်းပုံ အဖြူရောင် ကိုယ်ထည်နဲ့အတူ လက်တံ မပါဘဲ အတွင်းပိုင်းမှာ အာရုံခံဆင်ဆာနဲ့ ကင်မရာတွေ ထည့်သွင်းတပ်ဆင်ထားပါတယ်။

တရုတ်နိုင်ငံမှာတော့ စက်ရုပ်တွေကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနေလျက်ရှိပြီး ကုန်စည်ပစ္စည်းတွေ လိုက်ပို့စေတာမျိုး၊ သက်ကြီးတွေအတွက် အဖော်မွန်အဖြစ် ရှိစေတာမျိုးနဲ့ ဥပဒေအကြံပေးမှုတွေ လုပ်ခိုင်းတာမျိုးတွေမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

Tags: