NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ဘက်တီးရီယားပါသည်ဆိုသောနို့မှုန့် မြန်မာတွင် တင်သွင်းထားခြင်းမရှိဟု FDA ကြေညာ

.

သြဂုတ် ၃၀ ။            ။ Dumex နို့မှုန့်တွင် ဘက်တီးရီးယားပါဝင်သည်ဟု စင်ကာပူတွင် တွေ့ရှိရပြီးနောက် မြန်မာဈေးကွက်တွင် တင်သွင်းထားခြင်းမရှိကြောင်း ကနဦးစစ်ဆေးတွေ့ရှိရသည်ဟု FDA မှ  ထုတ်ပြန်သည်။

စင်ကာပူနိုင်ငံတွင် Dumex Mamil Gold အမှတ်တံဆိပ် Infant Formula Step 1 (850 g) အမျိုးအစား Batch No- 09117R1 (Expired Date- 11 September 2019) နို့မှုန့်များ၌ ဘက်တီးရီးယားပိုး Cronobacter Sakazakii ပါဝင်သည်ဟူသော သတိပေးကြေညာချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်လည်း ယင်း Batch No- 09117R1 (Expired Date- 11 September 2019) ပါ နို့မှုန့်ကို ဈေးကွက်အတွင်း တနည်းနည်းဖြင့် ဖြန့်ဖြူးရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း များ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း FDA မှ ထုတ်ပြန်သည်။

FDA စစ်ဆေးချက်အရ သြဂုတ်လ ၂၉ ရက်အထိ ဈေးကွက်တွင် ရောင်းချနေခြင်းမရှိကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချနေသည့် အမျိုးအစားတူနို့မှုန့်များကိုလည်း ပုံမှန်စစ်ဆေးခြင်းအပြင် ထပ်မံ စစ်ဆေးခြင်းများပါဆောင်ရွက်လျကရှိသည်ဟု FDA ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ Batch No- 09117R1 (Expired Date- 11 September 2019) ပါ နို့မှုန့်ကို ဈေးကွက်အတွင်း တွေ့ရှိပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ နေပြည်တော် (ဖုန်း- ၀၆၇၃-၄၀၃၀၅၀၊ ၀၆၇၃- ၄၀၃၆၀၉) သို့ သတင်းပေးပို့နိုင်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန( FDA) မှ ကြေညာထားသည်။