သားငယ်နဲ့အတူ တွေ့ရတဲ့ ယွန်းဝတီလွင်မိုး

.

သြဂုတ် ၂၇ ။          ။ ယွန်းဝတီလွင်မိုးက ကလေးပုံနဲ့ တွန်းလှည်းပုံလေးကို  သြဂုတ်လ ၂၇ ရက်က အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက ကလေးတွန်းလှည်းပုံနဲ့ ဓာတ်ပုံ အင်စတာဂရမ်မှာ ကလေးမွေးဖွားပြီးတဲ့ နောက်မှာ ပထမဆုံးတင်ခဲ့တာပါ။ သြဂုတ်လ ၂၅ ရက်က ခင်ပွန်းဖြစ်သူနဲ့ သားငယ်ပုံ ဗီဒီယိုဖိုင်တစ်ခု တင်ထားခဲ့ပါသေးတယ်။

ကလေးငယ် မွေးဖွားတဲ့အကြောင်းကို မွေးဖွားပြီး ၅ ရက်အကြာ သြဂုတ်လ ၁၁ ရက်က  5 days post ဆိုပြီး အင်စတာဂရမ်မှာ တင်ထားခဲ့ပြီးနောက် ခင်မင်သူမိတ်ဆွေတွေက ကွန်ဂရက်ကျူလေးရှင်းလို့ ရေးသားထားခဲ့ပါတယ်။

သြစတေးလျနိုင်ငံ၊ မဲဘုန်းလ်မြို့က ဆေးရုံမှာ သြဂုတ်လ ၇ ရက်က မွေးဖွားခဲ့တာဖြစ်ပြီး ယောကျာ်းလေး ဖြစ်ပါတယ်။