မြန်မာနှင့် ထိုင်း အထူးစိန်ခေါ်ပွဲများ ပါဝင်သော LETHWEI NATION FIGHT

.

မန္တလေး၊သြဂုတ် ၂၅ ။          ။ မြန်မာလက်ဝှေ့အကျော်အမော် သပြေညိုနဲ့ ထိုင်းလက်ဝှေ့သမား Sankom တို့ အထူးစိန်ခေါ်ထိုးသတ်မယ့် တွဲဆိုင်းများပါဝင်သော LETHWEI NATION FIGHT(6) MANDALAY ကို သြဂုတ်လ ၂၆ရက်နေ့မှာ မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်က ဒိုင်းမွန်းပလာဇာ (၅)လွှာမှာ ကျင်းပမယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲကို LETHWEI NATION GROUP နဲ့ H&S GROUPတို့က ပူးပေါင်းပြီး ပြုလုပ်တာဖြစ်တဲ့အကြောင်း သြဂုတ်လ ၂၅ ရက်၊မနက် ၁၀ နာရီက ပြိုင်ပွဲလုပ်မယ့်နေရာဖြစ်တဲ့ ဒိုင်းမွန်းပလာဇာ (၅)လွှာမှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ယခုပြိုင်ပွဲမှာ မြန်မာနဲ့ထိုင်း အထူးစိန်ခေါ်ပွဲအဖြစ် သပြေညို(Advenrure)မြန်မာ နဲ့ ဖစ်(ခ)Sankom(ထိုင်း)တို့ရဲ့ တွဲဆိုင်းအပါအ၀င် မျိုးဆက်သစ်လူငယ်ပြိုင်ပွဲ ၃ ပွဲကိုပါထည့်သွင်းထားပါတယ်။ ဒါ့အပြင် ၇၅ကီလိုတန်းနဲ့ ၄၈ကီလိုတန်း ချန်ပီယံပြိုင်ပွဲတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ၄၈ ကီလိုတန်း ကွာတားဖိုင်နယ် ပွဲတွေမှာတော့ စောထွန်းမြိုင် (ရွှေမိုးထိ)နဲ့ ဇာနည်အောင်(ရန်စစ်ငြိမ်း)၊ ချစ်ဆူးငယ်(ရွှေသထုံ) နဲ့ သိန်းနိုင်ထွန်း(မန္တလေး ယူနိုက်တက်)၊ ဘိုမင်းဟိန်း(ကျားဖြူ) နဲ့ ထက်လင်းဦး(တိုက်ဂါး)၊ သန့်ဇင်ထူး (ရွှေဘားလား) နဲ့ M-16 (ဇွဲကပင်မြေ) တို့ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

၇၅ကီလိုတန်းမှာတော့ ထွန်းလင်းခန့် (စစ်ကိုင်း)နဲ့ အောင်နိုင်ထူး(တိုက်ဂါး)၊ ကျွဲကြီး (ဟူကောင်းကျား)နဲ့ ထွန်းတောက်ကြယ် (မုဒုံစတား)၊ စောဆဝါး(ဒို့ရိုးရာ) နဲ့ ကျော်ထက် (မန္တလေးယူနိုက်တက်)၊  စိုးမောင်ဦး (ရတနာပုံ)နဲ့ စောနေအောင်(အဖြူရောင်သွေးသစ်)တို့ ယှဉ်ပြိုင်သွားကြမှာလည်းဖြစ်ပါတယ်။

ကွာတားဖိုင်နယ်မှာ အနိုင်ရရှိကြတဲ့ လက်ဝှေ့သမားတွေဟာ ဆီမီးဖိုင်နယ်ပွဲအဖြစ် စက်တင်ဘာလ ၂၄ ရက်မှာ ရန်ကုန်မြို့၌ ဆက်လက်ယှဉ်ပြိုင်သွားကြရမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ အနိုင်ရရှိတဲ့ လက်ဝှေ့သမားတွေဟာ ဖိုင်နယ်ပွဲစဉ်အဖြစ် အောက်တိုဘာ ၇ ရက်နေ့မှာ မန္တလေးမြို့မှာ ယှဉ်သွားကြရမှာပဲဖြစ်ပါတယ်။

ပြိုင်ပွဲတစ်လျှောက်ကို MRTV 4 ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမယ်လို့လည်းသိရပါတယ်။